ကျုံပျော် မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို တိုက်နယ်အလိုက် ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီတွင် အထောင်တိုက်နယ် ကြက်တညင်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အဆိုပြုလွှာ စုပေါင်းပေးအပ်မည့်ပါတီဝင်များ တက်ရောက်ကြသည်။







