ဒေါပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်ဒေါပုံမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမုံ နာ(၂)ရပ်ကွက် ရေကြောင်းညွှန် ကြားမှုဦးစီးဌာန ဝန်ထမ်းမိသားစု သင်္ဘောကျင်းလိုင်းခန်းများကိုသွေး လွန်တုပ်ကွေးရောဂါကာကွယ်ရေး အဖြစ် ခြင်ဆေးမှုတ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်၉ နာရီမှ၁၁နာရီအထိဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးမိတ်ခရိုင်တွင် စိုက်ပျိုးရေရရှိရေး ပြည်ခိုင်ဖြိုးပါတီညှိနှိုင်းဆောင်ရွက်ပေး

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးမြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေ၊ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဦးစိုင်းမောင်မောင်ကျော် တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက မလှိုင်ကုန်းကျေးရွာအုပ်စု မလှိုင်ကုန်းကျေးရွာသို့ရောက်ရှိပြီး တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍် လယ်ကြီးကွင်းရှိရေသောက် ဧရိယာဧက ၅၄ဝ ရေရရှိ ရေးအတွက် ရေးသွင်းမြောင်းတူးဖော်ရေးကိစ္စများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရွှေကူမြို့၌ ရပ်ကွက်ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌခန့်အပ်တာဝန်ပေး

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကွက် /ကျေးရွာအုပ်စု ပါတီ ကော်မတီဥက္ကဋ္ဌများခန့်အပ်တာဝန် ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်က ရွှေကူမြို့နယ် ပါတီရုံး၌ ကျင်းပခဲ့ရာ ဗဟိုကော် မတီဝင်ဦးဝင်းမောင်သိန်း၊ခရိုင်ပါတီ ဥက္ကဋ္ဌဦးသန်းဇော်လေး၊ အတွင်း ရေးမှူးဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်စွာဝင်းနှင့်အရန်ကော်မတီ ဝင်များ၊ ရွှေကူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊အတွင်းရေးမှူး ဦးသန်း ထိုက်နှင့်ကော်မတီဝင်များ၊ရပ်ကျေး ပါတီကော်မတီဥက္ကဋ္ဌများစုစုပေါင်း ၇၃ဦး တက်ရောက်ခဲ့ကြသည်။

မိုင်းဆတ်​ပြည်​ခိုင်​ဖြိုးပါတီမှ မီး​ဘေးသင့်​ပြည်​သူများအား သွားရောက်ကူညီ

 

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း)၊ မိုင်းဆတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ခရိုင်​ပါတီဥက္ကဌ ဦးစိုင်းခတ္ထိယနှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်​အတွင်း​ရေးမှူးနှင့်​ ​ကော်​မတီဝင်​များ၊ ပါတီရုံးဝန်​ထမ်းများသည်​ (၁၈.၂.၂၀၁၈) ရက်​​နေ့တွင်​ မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်အုပ်စု၊ ရေပူစမ်းကျေးရွာ၌ မီးလောင်မှုဖြစ်​ပွားခဲ့​သောနေအိမ် ၃ အိမ်အား ထောက်ပံ့​ကြေးအကူ​ငွေများ သွား​ရောက်​​ပေးအပ်ခဲ့ကြ​ကြောင်းသိရှိရပါသည်​။


ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတြီ ပည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၆

နွားထိုးကြီးမြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ကျင်းပ​သော ရပ်​ကွက်​/​ကျေးရွာအုပ်​စု ဥက္ကဌများအားတာဝန်​​ပေးအပ်​ပွဲနှင့်​ ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲသို့ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်းဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​တက်​​ရောက်​အား​ပေး

 

(၁၅.၂.၂၀၁၈)ရက်​​နေ့ (၁၀း၀၀)အချိန်​တွင်​ နွားထိုးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​ကွက်​/​ကျေးရွာအုပ်​စု ဥက္ကဌများအားတာဝန်​​ပေးအပ်​ပွဲနှင့် ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီကော်​မတီဝင်​များ၊ ​​မြင်းခြံခရိုင်​ပါတီဥက္ကဌ ဦး​​ကျော်​တင်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ နွားထိုးကြီးမြို့နယ်​ပါတီဥက္ကဌ ဦးကြည်​​ဖေနှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌအဖြစ်​တာဝန်​​ပေးအပ်​ခံရသူများ၊ ပြည်​ခိုင်​ဖြိုးပါတီသို့ဝင်​​ရောက်​မည့်​ပါတီဝင်​အသစ်​များတက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်နှင့် တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​တို့မှ အဖွင့်​အမှာစကား​ပြောကြားကာ မြို့နယ်​ပါတီဥက္ကဌမှ​ဒေသဆိုင်​ရာအချက်​အလက်​များအားတင်​ပြခဲ့ပါ သည်​။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်ဦးထွေးလှ မာန်အောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးထွေးလှ(နတလညွှန်ချုပ်ငြိမ်း) သည် ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များနှင့်သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးထွေးလှနှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်းတို့သည် ကျောက်ဖြူမှ မာန်အောင်သို့ လေယာဉ်ဖြင့် ယခုလ ၁၂ရက် မွန်းလွဲ ၁၂နာရီခွဲ ကရောက်ရှိလာရာ မာန်အောင်မြို့ နယ်ပါတီမှ ခရိုင်၊ မြို့နယ်၊ ရပ်/ ကျေးခေါင်းဆောင်များကလေဆိပ် တွင် ကြိုဆိုခဲ့ကြသည်။

ကျိုက်လတ်မြို့တွင် ရပ်/ ကျေးပါတီစည်းရုံးရေးမှူးများအား ရပ်/ကျေးပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေး

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ကျိုက်လတ်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာများ၌ ပါတီစည်းရုံးရေးမှူးများအား ရပ်/ ကျေးပါတီဥက္ကဋ္ဌအဖြစ် တာဝန် ပေးခန့်အပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြာသပတေးနေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များသည်ကြာသပတေးနေ့နံနက်တိုင်း မြို့နယ်ပါတီရုံးရှေ့တွင် အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူလျက်ရှိရာ ယနေ့နံနက် ၅နာရီက အလှူရှင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေမိသားစုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များက အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်။

TKA(သာကေတ)


တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပခြင်း

 

ရှမ်းပြည်​နယ်​ (အ​ရှေ့ပိုင်း)၊တာချီလိတ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးအစည်းအ​ဝေးခန်းမတွင် ​ယ​နေ့ (၁၆.၂.၂၀၁၈)​နေ့တွင်​ ဗဟို​ကော်​မတီဝင်​ ​ဒေါ်တင်​​မေထွန်း ဦး​ဆောင်​၍ ခရိုင်​/မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​ /​ကျေး​ခေါင်း​ဆောင်​များ၊ အမျိုးသမီးအဖွဲ့များ တက်​​ရောက်​ကြပြီး ခရိုင်​​ကော်​မတီအဆင့်​ လစ်​လပ်​​နေရာများအား အစားထိုးတာဝန်​​ပေးအပ်​ခြင်း၊ မြို့နယ်​​ကော်​မတီဝင်​အဆင့်​ လစ်​လပ်​​နေရာများအား အစားထိုးတာဝန်​​ပေးအပ်​ခြင်း၊ ရပ်​ကွက်​​/ကျေးရွာပါတီဥက္ကဌ တာဝန်​​ပေးအပ်​ရန် ​​ရွေးချယ်​လျှာထား
ခြင်းများ ညှိနှိုင်း​ဆောင်​ရွက်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​ ။