ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်အကြိုညီလာခံ နှီးနှောဖလှယ်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းခတ်မြို့နယ် လူငယ်အကြိုညီလာခံနှီးနောဖလှယ်ပွဲအခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့ နံနက်(၉:၃၀)ချိန်တွင် မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမုန့် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစဲကီကော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲ၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်သုလွင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်၊၊ ရှေ့ဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမုန့်က အမှာစကားပြောကြားပြီး၊ လူငယ်တာဝန်ခံကိုယ်စား မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်သုလွင်မှ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းပြခဲ့ပါသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၁၂ – ကြိမ်းမြောက် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၉၁) ဦးအား ပူဇော်ကန်တော့ပွဲ ကျင်းပ

 

၈-၄-၂၀၁၈ ရက်နေ့ နံနက် ( ၉ : ၀၀ ) နာရီအချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၂ – ကြိမ်မြောက် အသက် ( ၈၅ ) နှစ်နှင့်အထက် ဘိုးဘွား ( ၉၁ ) ဦးအား ပူဇော်ကန်တော့ပွဲ ကျင်းပရာသို့ ဆိပ်ကြီးခနောင်မြို့နယ်တာဝန်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖံွ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဒေါ်မိုးမိုးအိ တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး သက်ကြီးဘိုးဘွားများကို ပူဇော်ကန်တော့ခဲ့ပါသည်။

မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၉.၄.၂၀၁၈ ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင်
နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွါး) သင်တန်းအား နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး တက်ရောက်အင်အား ၁၀၀ ဖြင့်စတင်ခဲ့ပါသည်။
အဆိုပါအခမ်းအနားအား တိုင်းပါတီကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ်ခဲ့ပါသည်။ခရိုင်ပါတီ ဥက္ကဌ ဦးဝင်းကြည်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းခြင်း၊ သင်တန်းတွင်ပို့ချမည့် သင်တန်းဆရာများနှင့် မိတ်ဆက်ပေးပြီး အခမ်းအနားဖွင့်ပွဲအား ရုတ်သိမ်းခဲ့ပြီး သင်တန်းအား စတင်ပို့ချကြပါသည်။

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆိုပြုလွှာပေးအပ် ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌတာဝန်ပေးအပ်

 

ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉နာရီ ၁၅မိနစ်က အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌတာဝန်ပေး အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းအမှတ်စဉ် (၂)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံးတွင်ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး တောင်ပိုင်းခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာ စကား တက်ရောက်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်လင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်း စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး သင်တန်းကိုစတင်ပို့ချခဲ့သည်။

ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အိမ်တွင်းလက်မှုပညာသင်တန်းဖွင့်လှစ်

 

ကချင်ပြည်နယ် ဖားကန့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူး၍ အိမ်တွင်းလက် မှုပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁ဝနာရီက တာမခံမြို့သစ်ရှိ ပါတီပိုင်အဆောက်အအုံ၌ကျင်းပရာ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးအင်ဖရောင်း ဂမ်က သင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်များကိုလည်းကောင်း၊ သင်တန်းနည်းပြ ဒေါ်ခေါန်မိုင်က သင်တန်း၌ လက်တွေ့သင်ကြား ပေးမည့် လက်မှုပညာရပ်များကို လည်းကောင်း ရှင်းလင်းပြောကြား ကြသည်။

ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ ပါတီဗဟိုအတွင်းရေးမှူးတက်ရောက်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရေစခန်းတိုက် နယ် အိုင်မကျေးရွာအုပ်စု ရွာလယ်ဓမ္မာရုံတွင် (၁၇)ကြိမ်မြောက် ကျင်းပခဲ့သည်။

ရပ်ကွက် ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌများ နယ်မြေကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား တာဝန်ပေးအပ်ပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးမောက်မြို့ တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုပါတီ ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု နယ်မြေ ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တာဝန်ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီရုံး၌ကျင်းပ ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်းဂျုံ၊ပြည်နယ်ပါတီအတွင်း ရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးမြအုန်း၊ ဦးသိန်း ထွန်းအေးနှင့် ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်းနှင့်ကော် မတီဝင်များ၊ မိုးမောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းနိုင်၊ အတွင်း ရေးမှူး ဦးဒါရှီတူးလွန်နှင့်ကော်မတီဝင်များ၊ ဗန်း မော်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ ရပ်ကွက်ကျေး ရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာနယ်မြေကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ကြ သည်။

မော်လမြိုင်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၈ ရက်နေ့ နံနက် ၁၀နာရီက မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်နှင့်ကျေးရွာများမှ ရပ်ကျေးစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် ရပ်ကွက်/ကျေးရွာများ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများမှ ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။