မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနှင့် ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်များတွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ တွင် လေ့လာရေးခရီးအဖြစ် လာ ရောက်ခဲ့သော ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များသည် ယနေ့ နံနက် ၉ နာရီမှ ၁ဝ နာရီ အထိ မန္တလေးခရိုင်လူငယ်များနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ကိုဆွေးနွေးခဲ့ကြသည်။

အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှစ်ဦးဆွမ်းအလှူပွဲကျင်းပ

 

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ မြန်မာနှစ်ဦးအလှူတော်နှင့် ကွယ်လွန်သူများအားရည်စူး၍ နေ့ဆွမ်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုလှူဒါန်းပွဲကို ယနေ့နံနက် ၁ဝနာရီခွဲက ကျင်းပရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော် သူရနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ကြသည်။

အစီအစဉ်အရ သံဃာတော် အရှင်သူမြတ်ငါးပါးတို့အားနေ့ဆွမ်း နှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းပြီး ရေစက်သွန်းချတရားတော် များနာကြားသည်။ ထို့နောက်ဖိတ်ကြားထားသည့် ဧည့်သည်တော် များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးခေါင်းဆောင်မှုနှင့်စွမ်းရည်မြှင့်တင်ရေးစကားဝိုင်းဆွေးနွေးပွဲသို့ ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းတက်ရောက်

 

ကျုံပျော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးရေးရာဆောင်ရွက်မှုအဖြစ် ယမန်နေ့ နေ့လယ်တွင် ရေစခန်း တိုက်နယ် အိုင်မကျေးရွာအုပ်စု ၌ အမျိုးသမီးခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဧရာဝတီ တိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီး တာဝန်ခံ ဒေါ်သက်သက်လွင်၊ သာပေါင်းမြို့နယ်မှအတွင်းရေးမှူး (ဥပဒေပညာရှင်)နှင့် အမျိုးသမီး တာဝန်ခံတို့ကဆွေးနွေးခဲ့ကြသည်။

ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ နေပြည်တော်သို့ လာရောက်လေ့လာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ဝင် ၆၅ ဦးသည် ယခုလ ၅ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိကြပြီး ညနေပိုင်းတွင် စစ်သမိုင်းပြတိုက်၊ ဆာဖာရီဥယျာဉ်နှင့် အခြားထင်ရှားကျော်စောသည့်နေရာများအား ကြည့်ရှုလေ့လာခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်။

လူငယ်လေ့လာရေးအဖွဲ့သည် ယခုလ ၆ရက် နံနက် ၈ နာရီက ပါတီသင်တန်းကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးကျော်ကျော်ဌေးအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြရာ ဗဟိုကော်မတီ အတွင်းရေးမှူး၏ မိတ်ဆက်သြဝါဒစကားခံယူခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာ လစဉ်ပုံမှန်အစည်းအဝေး အား ယနေ့နေ့လည် ၁ နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြသည်။

ရှေ့ဦးစွာ အလုပ်သမားရေးရာတာဝန်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ လုပ်ငန်းလမ်းညွှန် အမှားစကား ပြောကြားခဲ့သည်။ဆက်လက်၍ ခရိုင်လေးခရိုင်မှ ရေးရာတာဝန်ခံများက မိမိတို့ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြခဲ့ကြသည်

မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

မန္တလေး ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အစည်းအဝေးခန်းမ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံပွဲနှင့် ပါတီဝတ်စုံ ပေးအပ်ပွဲကျင်းပ


ရန်ကုန် ဧပြီ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်း၊ ခရိုင်၊ မြို့နယ်နှင့် လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ ပါတီဝင်များတွေ့ဆုံပွဲနှင့် ပါတီဝတ်စုံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ဖောင်ကြီးအရှေ့ ကျေးရွာရှိ မဟူရာတောရကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

၆-၄-၂၀၁၈ ၊ ကသာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာတွေ့ဆုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ကသာမြို့ စေတနာခန်းမ၌ ဒီကနေ့မနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်းဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအတွင်းရေးမှူးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင် လူငယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟို အလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်းပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ လူငယ်နှင့် အမျိုးသမီးရေးရာအဖွဲ့များ စုစုပေါင်း အင်အား (၁၀၀၀) ကျော် တတ်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး Ms.Vanessa Chan မှ လာရောက်တွေ့ဆုံ

နေပြည်တော် ဧပြီ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Ms.Vanessa Chan က ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့် တွေ့ဆုံ

ရန်ကုန် ဧပြီ ၎

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ရန်ကုန်တိုင်းဒေသ ကြီး အတွင်းရှိ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။