နေပြည်တော် ဇွန် ၂၁
နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ဥတ္တရသီရိမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။



