ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ လေ့လာရေးခရီးစဉ်သွားရောက်မည့် ပြည်ထောင်စုနယ်မြေလူငယ်အဖွဲ့အား လမ်းညွှန်မှာကြား

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ပြည်ထောင်စုနယ်မြေ ပါတီ ဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌လူငယ်လှုပ်ရှားမှုအဖွဲ့ ပူးပေါင်းဆောင်ရွက်ရေးနှင့်လေ့လာ ရေးခရီးစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး သို့ သွားရောက်မည့် ပြည်ထောင်စု နယ်မြေ လူငယ် ၁၈ဝတို့နှင့်တွေ့ဆုံ ၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့ မန္တလေးတွင်တွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးလူငယ်လှုပ်ရှားမှုအဖွဲ့တွေ့ဆုံပွဲအား မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ယနေ့ နံနက် ၁ဝနာရီမှ မွန်းလွဲ ၃နာရီခွဲအထိ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ၏ အနယ်နယ်အရပ်ရပ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်အချင်းချင်း ချစ်ခင်စည်းလုံးမှုရရှိစေရန်၊ မိမိတို့ နေထိုင်ရာဒေသများမှ အတွေ့အကြုံများအား အမြင်ချင်းနှီးနှောဖလှယ် နိုင်စေရန်၊ အနာဂတ်ကာလ ပြည်ခိုင်ဖြိုးပါတီ၏ လူသွေးသစ်များအား ပါတီ၏ဦးဆောင်ကဏ္ဍတွင် ပါဝင်လာနိုင်စေရန် အစရှိသော ရည်ရွယ် ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်ခုပ်တန်းရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ယနေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လက်ခုပ်တန်းရပ်ကွက် ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို နံနက် (၉း၀၀) နာရီအချိန်တွင် စတင်ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးနှင့် ပါတီကော်မတီဝင်များ ၊အရံကော်မတီဝင်များ ၊ ရပ်/ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ စုစုပေါင်း (၃၀) ဦးတက်ရောက်ကြကြောင်း တင်ပြအပ်ပါသည်။ ဆက်လက်၍ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊ မြို့နယ်ပါတီကော်မတီဝင် ဦးကျော်စိန် (ပညာရေးရာတာဝန်ခံ)၊ ဦးမောင်မောင်ကြီး (စည်းရုံးရေးရာတာဝန်ခံ)၊ ရပ်ကွက်ပါတီဥက္ကဌ ဦးဝင်ဖေတို့မှ အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသော ပါတီဝင်များမှ လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နံနက် (၁၀း၃၀) အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း တင်ပြအပ်ပါသည်။

ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

မိုးနဲ ဇွန် ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော် ဆွမ့်ကျေးရွာအုပ်စု ကတ်နောက် ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာ အုပ်စုဥက္ကဋ္ဌတာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်း နားကို ယနေ့ နံနက် ၉ နာရီက ဦးဝင်းကိုနေအိမ်၌ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့အလှူတော်ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ ယနေ့ နံနက် ၁ဝ နာရီခွဲက ဥက္ကံမြို့ ဘိုးဘွားရိပ်သာသို့သွားရောက်ကာ ရှစ်နှစ်မြောက် ပြည်ခိုင်ဖြိုးပါတီနှစ် ပတ်လည် အလှူတော်အခမ်းအနား အဖြစ်ဘိုးဘွားများအားနေ့လယ်စာ ကျွေးမွေးလှူဒါန်းပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ရိပ်သာရှိဘိုးဘွား များနှင့် ပြည်ခိုင်ဖြိုးပါတီမိသားစု များက သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ကာ သံဃာ တော်အရှင်သူမြတ်များထံမှ ငါးပါး သီလကို ခံယူဆောက်တည်ကြပြီး အနုမောဒနာတရားများ နာကြားခဲ့ သည်။

ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ချင်းဟိုင်ရေကန်သို့ သွားရောက်လေ့လာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် များသည် ယမန်နေ့တွင်တည်းခိုရာ ချင်းဟိုင်ဟိုတယ်(Qinghai Hotel)မှ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ချင်းဟိုင် ရေကန်(Qinghai Lake)သို့ သွားရောက်ရာ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိလေ့လာခဲ့ကြသည်။ ချင်းဟိုင်သည် ကုန်းတွင်းရေငန်ကန်တစ်ခု ဖြစ်ပြီး ရေအနက် ၂၂ မီတာ ရေအပူချိန် ၇ ဒီဂရီဖာရင်ဟိုက်နှင့် စတုရန်းကီလိုမီတာ ၄၆ဝဝ ကျယ်ဝန်းသည်။

ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

 

၁၀.၆.၂၀၁၈ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် မြို့သာအုပ်စုတွင် ညနေ့ (2) နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မြင်ခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူနှင့် မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်နှင့် ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များနှင်အတူ မြို့သာကျေးရွာ ရပ်/ကျေးပါတီဥက္ကဌနှင့်ပါတီဝင် များသည် မြို့သာအရှေ့ရွာ ဦးစိန်ထွန်းနေအိမ်ရှေ့တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။