ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ချစ်ကြည်ရေးအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကွမ်ရှီးပြည်နယ်သင်တန်းကျောင်းခန်းမ၌ သင်တန်းကျောင်းအုပ်ဆရာကြီးပါမောက္ခ မစ္စတာလီကျင့်ရွှင် ဦးဆောင်ဆွေးနွေးသည့် ဆင်းရဲမှုပပျောက်ရေး မူဝါဒနှင့် ကွမ်ရှီးပြည်နယ်၏လုပ်ဆောင်ချက်ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီး မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့နောက် ကွမ်ရှီးပြည်နယ်(International Conference Center) ၌ တရုတ်ကွန်မြူနစ်ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့်ပြည်နယ်အမြဲတမ်း ကော်မတီအတွင်းရေးမှူး မစ္စတာဖန်လင်မင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပါတီနှစ်ခုကြား အပြန်အလှန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တရုတ်ကွန်မြူနစ် ပါတီစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံမှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာအား ချစ်ကြည်ရင်းနှီးစွာစားသုံးခဲ့ကြပြီး ကွမ်ရှီးပြည်နယ် ဆေးဖက်ဝင် ရုက္ခဗေဒဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ကြသည်။
ထို့နောက် ကွမ်ရှီးပြည်နယ် နန်နင်းမြို့ ရှုခင်းများကို မော်တော်ယာဉ် ဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး ည ၁၁ နာရီတွင် တည်းခိုရာပါတီ သင်တန်း ကျောင်းသို့ ပြန်လည်ရောက်ရှိပြီး ညအိပ်ရပ်နားခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ဦးဆောင်သောချစ်ကြည်ရေးအဖွဲ့ဝင် ၂၁ ဦးသည် ယခုလ ၃ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင် ထွက်ခွာခဲ့ကြပြီး ညနေ ၅ နာရီ ၃၅ မိနစ်တွင် ကွမ်ရှီးပြည်နယ်သို့ ရောက်ရှိ ပြီးနောက် ကွမ်ရှီးပြည်နယ် သင်တန်းကျောင်းတွင် ညအိပ်ရပ်နားခဲ့ကြသည်။
သီပေါတွင် ” ပြည်သူ့စကားဝိုင်း” ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ နှင့်အဖွဲ့တက်ရောက်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ” People Talk” ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ၅.၆.၂၀၁၈ ရက်နေ့ ၁၀း၀၀ နာရီအချိန်က သီပေါမြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့. လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပါတီနှင့်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် တက်ရောက်လာသူအချို့မှ မြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ပေါင်းစည်းပါဝင်နိုင်ရေး အကြံပြု ဆွေနွေးကြပါသည်။ ပြည်ခိုင်ဖြိုးပါတီကလည်း ပြည်နယ်ကော်မတီ ဦးစိုင်းစိန်လင်းမှလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။
တောင်သာမြို့နယ် ရုံးစည်ကြီး ကျေးရွာမှ အန်အယ်လ်ဒီပါတီဝင် ၁၀၀ ခန့် ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်
မန္တလေး၊ ဇွန် ၅
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် တောင်သာမြို့နယ်၊ ရုံးစင်ကြီးရွာ၌ပြုလုပ်သော ပါတီအဆိုပြုလွှာ (၄၀၅) ဦးစုပေါင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်အားပေးချီးမြှင့်
(၅.၆.၂၀၁၈) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် တောင်သာမြို့နယ်၊ ရုံးစင်ကြီးရွာ၌ ပါတီအဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မြင်းခြံပါတီဥက္ကဌ ဦးကျော်တင်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ တောင်သာမြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းဇော်ဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝင်သစ်များအပါအဝင် စုစုပေါင်း အင်အား(၅၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ခရိုင်မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ
ကျိုက်လတ် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက် လတ်မြို့နယ် ပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်း ဒေသကြီးကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် အရန်ကော်မတီဝင်များ စုစုပေါင်း ၄၅ ဦးနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်အတွင်းရေးမှူး က မြို့နယ်ကော်မတီဝင်၊ အရန်ကော်မတီဝင် များအား နယ်မြေအလိုက်၊ ကဏ္ဍအလိုက်တာဝန် ပေးအပ်ထားမှုအခြေအနေများအား မြေပုံကား ချပ်များဖြင့် ရှင်းပြခြင်း၊ ၂ဝ၂ဝ အောင်နိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေနာယကဥတ္တရသီရိ ရပ်/ကျေးအစည်းအဝေးသို့တက်ရောက်
နေပြည်တော် ဇွန် ၅
နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ၏ လစဉ်ပြုလုပ်သော ရပ်/ကျေးအစည်း အဝေးသို့ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး တက်ရောက်ဆွေးနွေးခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၏လစဉ်ပြုလုပ်သော ရပ်/ကျေးအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးကျော်ဌေး၊ နေပြည်တော်ခရိုင်တာဝန်ခံ၊ ဥတ္တရသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့ဝင် များ စုစုပေါင်းအင်အား ၆ဝ ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
လူငယ်ညီလာခံ(၂ဝ၁၈)အောင်မြင်ခြင်းအထိမ်းအမှတ် လယ်ဝေးမြို့နယ်ပါတီကော်မတီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
နေပြည်တော် ဇွန် ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို လူငယ်ညီလာခံ (၂ဝ၁၈) ကျင်းပအောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေး မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ ကုဋီများ ဆေးကြောခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မြက်၊ အမှိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အမှတ် (၁၄) ရပ်ကွက်သို့ နယ်မြေကွင်းဆင်းပြီး ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ
5-6-2018 ရက်နေ့ နံနက် (9:00) နာရီအချိန် ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ထွန်းဇော်၊ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးစိုးလွင်၊ ကော်မတီဝင်များဖြစ်ကြသော ဦးကျော်သိန်းထွန်း၊ ဦးကိုကိုလေးတို့သည် အမှတ် (14) ရပ်ကွက်သို့ နယ်မြေကွင်းဆင်းပြီး ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ၍ ရပ်ကျေးပါတီဥက္ကဋ္ဌအသစ် ပြန်လည်ရွေးချယ်ခြင်း၊ လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ အသစ်ပြန်လည်ဖွဲ့စည်းခြင်းများ ပြုလုပ်ရန်နှင့် ၂၀၂၀အောင်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ရပ်ကျေးပါတီဝင်များမှလည်း ပြန်လည်တင်ပြဆွေးနွေးခြင်များပြုလုပ်ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် ကျောက်ပန်းတောင်းမြို့နယ် ရပ်/ကျေးပါတီဥက္ကဌတာဝန်ပေးအပ်ပွဲနှင့် ပါတီအဆိုပြုလွှာ (၄၇၁) ဦး စုပေါင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်အားပေးချီးမြှင့်
(၅.၆.၂၀၁၈)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး၌ ရပ်/ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့်ပါတီအဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ညောင်ဦးခရိုင်ပါတီဥက္ကဌ ဦးညွန့်ဝင်းနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ်ပါတီဥက္ကဌ ဦးဝင်းမြင့်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝင်သစ်များအပါအဝင် စုစုပေါင်း အင်အား(၅၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်
Hein Htet Aung
တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပုန်းထွန်ရပ်ကွက်နေသက်ကြီးဘိုးဘွားများအား သွားရောက်ကန်တော့ခြင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်ဒေါ်တင်မေထွန်း (ရှမ်းရှေ့အမျိုးသမီးရေးရာတာဝန်ခံ)၊ ပုန်းထွန်ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ လူငယ်အဖွဲ့များအင်းအား (၂၀) ဦးလိုက်ပါ၍ ယနေ့ (၅.၆.၂၀၁၈) နေ့တွင် ပုန်းထွန်ရပ်ကွက်နေ အဖွားဒေါ်စမ်းငွန်း အသက်( ၉၀ ) နှစ်၊ အဖွားဒေါ်တင်မြ အသက်( ၉၉) နှစ်၊ အဖွားဒေါ်နန်းပန် အသက် (၉၄ ) နှစ်ရှိ အဖွားသုံးဦးတို့၏နေအိမ်ရာသို့ သွားရောက်ခဲ့ပြီး တစ်ဦးလျှင် ကျပ်တစ်သိန်းတန်ဖိုးရှိ စောင်၊ မုန့်၊ အချိုရည်ဗူးနှင့်ငွေသားများအားပေးအပ်ကန်တော့ခဲ့ကြကြောင်းသိရှိရပါသည် ။