ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သဘာဝ​ဘေးဒဏ်​​ကြောင့် သောက်​သုံး​ရေ ပြတ်​လပ်​လျှက်​ရှိ​သော ကျင်းသီပေါ်ကျေးရွာသို့ သောက်သုံးရေများ လှူဒါန်း

 

ငဖဲ၊ ဇွန်​ ၁၉

ငဖဲမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီသည်​ မြို့နယ်​ပါတီ​ကော်​မတီ၏ ဦး​ဆောင်​မှုဖြင့်​ ပါတီလူငယ်​ လှုပ်​ရှားအဖွဲ့သည်​ သဘာဝ​ဘေးဒဏ်​​ကြောင့်​ ​သောက်​သုံး​ရေ ပြတ်​လပ်​လျှက်​ရှိ​သော ပန်းထိမ်းအုပ်​စု ကျင်းသီ​ပေါ်​ကျေးရွာသို့ ယ​နေ့ည​နေ ၅းဝဝနာရီတွင်​ ၄င်း​ကျေးရွာရှိ အိမ်​​ခြေ ၆၄ အိမ်​နှင့်​ ​စေတီ​တော်​ဓမ္မာရုံ စာသင်​​ကျောင်းတို့ အိမ်​တိုင်​ယာ​ရောက်​ လိုက်​လံပို့​ဆောင်​ လှူဒါန်းခဲ့ပါသည်​။

ကျိုက်​မ​ရောပြည်​ခိုင်​ဖြိုးပါတီမှ ​လေ​ဘေးသင့်ပြည်​သူများအား အလှူ​ငွေ​ပေးအပ်

 

ယ​နေ့ (19.6.2018) ​နေ့ နံနက်​ ၁၁ နာရီအချိန်​တွင်​ ကျိုက်​မ​ရောမြို့နယ် ​ဖနုံ​ကျေးရွာ ဗမာစု​နေဦး​အောင်​မင်းဦး​နေအိမ်​နှင့် ဒေါ်စမ်းစမ်း​အေး​နေအိမ်​တို့သည်​ (17.6.2018) ​နေ့​လေ မိုးဒဏ်​​ကြောင့် သစ်​ပင်​များပြိုလဲ၍ ​နေအိမ်​များပျက်​စီး​နေသည်​ကို မွန်​ပြည်​နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ပြည်​နယ်​​ကော်​မတီဝင်​ ဦး​အောင်​​ကျော်​သိန်းနှင့် ကျိုက်​မ​ရောပြည်​ခိုင်​ဖြိုးပါတီမှ မြို့နယ်​​ကော်​မတီဝင်​များမှ သွား​ရောက်​ကြည့်​ရှု၍ အား​ပေးစကား​ပြောကြားပြီး ကျိုက်​မ​ရောပြည်​ခိုင်​ဖြိုးပါတီမှ အလှူ​ငွေ ၁သိန်းကျပ်​ ​ပေးအပ်​လှူဒါန်းခဲ့ပါသည်။

ကျိုက်​မ​ရောပြည်​ခိုင်​ဖြိုး

ရေးကြီးမှုကြောင့် လမ်းမများအတွင်း တင်ကျန်နေသည့် သဲမြေများအား ရှင်းလင်း

 

ရေကြီး​ရေလျှံမှု​ကြောင့် ရွှေတောင်​ရပ်​ကွက်​ ​ရွှေ​တောင်​လမ်း အ​ပေါ်ပိုင်းလမ်း မ​ပေါ်တင်ကျန်နေသော သဲမြေများအား မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ GREEN 9 လူငယ်များ၊ ရပ်​မိရပ်​ဖများနှင့်အတူ ယနေ့ ရှင်းလင်း လုပ်​အား​ပေးဖြစ်​ခဲ့ကြကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အလံနှင့်ဝတ်စုံပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ခရိုင်ပါတီ ကော်မတီများသို့ ပြည်ခိုင်ဖြိုးဝတ်စုံနှင့် ပါတီအလံပေးအပ်ပွဲကို ယမန် နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်နှင့်အဖွဲ့ ပုသိမ်းကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာသို့ ကွင်းဆင်း

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ဥက္ကဌ ဦးဘိုသင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့များသည် (၁၉.၆.၂၀၁၈) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာသို့ ကွင်းဆင်းကာ ပါတီအမှုဆောင်အဖွဲ့နှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။


မင်္ဂလာဒုံတွင်ပြည်ခိုင်ဖြိုးပါတီဝင် နာရေးကူညီထောက်ပံ့

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှမင်္ဂလာ ဒုံမြို့နယ် ပလရရပ်ကွက် ကြူစမ်း ရွာမ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး ကွယ်လွန်သည့်အတွက် ထောက်ပံ့ ငွေများအားယမန်နေ့ကမြို့နယ်ပါတီ မှ ကော်မတီဝင် ဦးကျော်သန်း၊ ဦးဝင်းသန်းနှင့် နယ်မြေတာဝန်ခံ ဦးမြင့်ကျော်၊ရပ်/ကျေးပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များမှ ကွယ်လွန် သူ၏မိသားစုဝင်များအား တစ်ဦး လျှင် ကျပ်နှစ်သိန်းစီ သွားရောက် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ကြံတဲစုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆင်သေချောင်းရေကာ တာတည်ဆောက်ပြီးစီးမှု သွားရောက်ကြည့်ရှု

 

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ် မြေပါတီ နေပြည်တော်ခရိုင်ပါတီ ပုဗ္ဗသီရိမြို့နယ်ပါတီတို့မှ ပူးပေါင်း ပြီး တည်ဆောက်လျက်ရှိသော ပြည်ခိုင်းဖြိုးပါတီ ဆင်သေချောင်း ရေကာ တာတည်ဆောက်ပြီးစီးမှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်း၊နေပြည် တော်ခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး တို့က သွားရောက်ကြည့်ရှုခဲ့ရာ ဖြုတ်ခွဲကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးလှငွေနှင့် ရေကာ တာတည် ဆောက်ရေးအဖွဲ့များမှပြီးစီးမှုအခြေ အနေအား လိုက်လံပြသခဲ့သည်။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

ယနေ့ ၁၄-၆-၂၀၁၈ ရက်နေ့ နံနက်(၁၀း၄၅)နာရီမှ (၁၂း၄၅)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ်ပါတီရုံး၌ ရခိုင်အရေးဆွေးနွေးပွဲ ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံ့တေးမြို့နယ် မြို့နယ်ပါတီရုံး၌ ရခိုင်အရေး ဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်
အခမ်းအနားအား နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အစီအစဉ်အရ ယနေ့ဖြစ်ပေါ်လျှက်ရှိသော ရခိုင်အရေးနှင့် ပက်သက်၍ စာရေးဆရာ မောင်စေတနာ BA,BED နှင့် စာရေးဆရာ ဦးမင်းကိုမြင့် (မြောင်းမြ) တို့မှ အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁ နာရီအချိန်၌ ရုပ်သိမ်းခဲ့ကြောင်း၊ ၄င်း အခမ်းနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦး စာရေးဆရာများ မြို့နယ်ဥက္ကဌ ဒေါက်တာသိန်းဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ စုစုပေါင်း အင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဆင်သေချောင်းရေကာတာတည်ဆောက်ရေး လုပ်အားပေးပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

 

ယနေ့မနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည့် နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ်၊ ကြံတဲစုကျေးရွာ ဆင်သေချောင်းရေကာတာ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် လုပ်အားပေးပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါလုပ်အားပေးပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် နေပြည်တော်ကောင်စီပါတီဝင်လူငယ်များတက်ရောက် လုပ်အားပေးခဲ့ကြသည်။