ဘီးလင်း၊ သြဂုတ် ၉
ဘီးလင်း၊ သြဂုတ် ၉
ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမိသားစုများမှ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမဆောင်၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။
ညောင်ဦး သြဂုတ် ၉
ညောင်ဦးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ နံနက် ၉နာရီက ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင်မန္တလေးတိုင်းဒေသကြီး ကော် မတီဝင် ညောင်ဦးခရိုင်တာဝန်ခံ ဦးသန်းဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး၊ မြို့နယ်အတွင်းရေး မှူးဦးအောင်ဆန်းဦး၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးများအားလုံး ၈၃ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။
၂၀၁၈ ခုနှစ် ဩဂုတ်လ(၉)ရက်နေ့တွင် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျေးရွာ၌ ကိုယ်ထူကိုယ်ထ မှုလတန်းကျောင်းဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်လျက်ရှိသော ငွေကြေးအခက်အခဲများကို ကျေးရွာသား များမှ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီသို့ အကူအညီတောင်းခံခဲ့ရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)နှင့် ပြည်နယ်ကော်မတီဝင် ဦးစန်းငွေ(လူငယ်တာဝန်ခံ)တို့မှ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျေးရွာသားများထံသို့ အလှူငွေ (၃၀၀၀၀၀ိ/-)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ကြသည်။
ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ပညာရေးကဏ္ဍအနေဖြင့် တက္ကသိုလ်ပညာကိုထူးချွန်စွာသင် ယူလျက်ရှိသည့်တက္ကသိုလ်ကျောင်း သားကျောင်းသူ ၁၇ဦးတို့အား (၆) ကြိမ်မြောက်ပညာသင်စရိတ်ချီးမြှင့် ပေးအပ်ပွဲကိုရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော် သြဂုတ် ၉
နေပြည်တော် ဥတ္တရသီရိမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့ နယ်နှင့်ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပခဲ့သည်။
ရန်ကုန် သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တာဝန်ခံများတွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်း သိရ သည်။
နေပြည်တော် သြဂုတ် ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်သည် သြစ တြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA) အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိ Ms. Susannah Patton အားယနေ့ မွန်းလွဲ၂နာရီခွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
၉-၈-၂၀၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးနှင့် အလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ဗဟိုကော်မတီဝင်ဦးမင်းမင်းဇေယျာမြင့်| တိုင်းပါတီကော်မတီဝင် တမူးခရိုင်တာဝန်ခံဦးခင်မောင်သန်း၊တိုင်းပါတီကော်မတီဝင်ဦးသန်းဝင်းထွန်း ၊ရွှေဘိုခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေး၊ တမူးခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့် ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် ကော်မတီဝင်များ|သက်ဆိုင်ရာကျေးရွာပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များလိုက်ပါ၍ အင်ဒိုင်းကျေးရွာဆရာတော်နှင့် ၀ိတုတ်ကျေးရွာဆရာတော်တို့အား သွားရောက်ဖူးမျှော်ကြည်ညိုကာ ၀ါဆိုသင်္ကန်းနှင့်အလှူငွေများ| ဓမ္မစကူးလ်ကျောင်းသူ/သားတို့၏ အဟာရဒါနအတွက်အလှူငွေများကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
ကျိုက်ထို သြဂုတ် -၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရေဘေးတွင် ပြည်သူများအား ကယ်တင်ရင်း အသက်ပေးလှူခဲ့ရသော တပ်မတော်သား (၃) ဦးအတွက် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တစ်ဦးလျှင် အလှူငွေ( ၂ ) သိန်း စုစုပေါင်း ငွေကျပ် (၆) သိန်းအား သြဂုတ်လ ၈ ရက်နေ့ ၊ နံနက် ၉ နာရီချိန်တွင် ခမရ (၂) တပ်ရင်းသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဌေးလွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦးနှင့် မြို့နယ်ကော်မတီဝင်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။