
ဇလွန်၊ သြဂုတ် ၅

ဇလွန်၊ သြဂုတ် ၅

နေပြည်တော်၊ 5.8.2018
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ကျည်ထောင်ကျေးရွာအုပ်စု စည်ပင်သာယာကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာ ဓမ္မစကူးသင်တန်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်တို့သည် သြဂုတ်လ ၅ နံနက် ၉နာရီခွဲအချိန်တွင် သွားရောက်ကြပြီး အဟာရဒါနအတွက် အလှူငွေကျပ် ၃ သိန်းနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးခဲ့ကြပြီး ရွာဦးကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက်၁၁ နာရီတွင် မြို့နယ်ပါတီရုံး၌ ဆရာတော်သံဃာတော်များထံမှ ပရိတ်တနားတော်များနာယူပြီး ဝါဆိုသင်္ကန်းမြတ်မဟာအား ဆပ်ကပ်လှူဒါန်း၍ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။

ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၄/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ်ရပ်ကွက် ခေမာသီဝံကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ က ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမသာရ (ဓမ္မာစရိယ) အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ် (၅) ရပ်ကွက် ဦးလူလေး လမ်းတွင် နေထိုင်ကြသည့် ရေဘေးသင့်ခံရသော အိမ်ထောင်စု ၄၈ စုတို့၏ မိသားစုများထံ ယမန်နေ့နံနက် ၉ နာရီက စတင်၍ ကွင်းဆင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ ပန်းဘဲတန်းမြို့နယ် ရဟန္တာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်မှ တိုက်အုပ်ဆရာတော်နှင့် သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဟုတ်စိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဧည့်သည်တော်များ တက်ရောက်ကြပြီး ရဟန္တာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်ထံမှ သီလတော်များ ခံယူဆောက်တည်ပြီး ဝါဆိုသင်္ကန်းများနှင့် ဒါတဗ္ဗဝတ္ထု အစုစုတို့ကို လှူဒါန်းကြသည်။
ထို့နောက် တိုက်အုပ်ဆရာတော်ထံမှ ရေစက်သွန်းချ တရားတော်များနာယူခဲ့ပြီး ကြွရောက်လာသော ဧည့်သည်များကို အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ရမည်းသင်း၊ သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါလူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲတွင် ဦးစွာနိုင်ငံတော်အလံအလေးပြု၊ နိုင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ပါတီအတိုင်ပင်ခံ ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီခွဲမှစ၍ မြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မဘိမ်း၊ သြဂုတ် ၅
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလံသစ်တင်ခြင်းနှင့် လစဉ်ပုံမှန် အစည်းအဝေးကျင်းပခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များ၊ ပါတီနာယကများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား ကျင်းပသည့် နံနက် ၉ နာရီတွင် ပါတီအလံသစ်ကို လွှင့်တင်ခဲ့ကြသည်။

ရန်ကုန်၊ သြဂုတ် ၅