မိုးကုတ်မြို့ ပြည်ခိုင်ဖြိုးပါတီ ၂၀၁၇/၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပါတီဝင်တို့၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ညောင်ဦးမြို့တွင် အမှတ် (၅) ရပ်ကွက်မှ ပါတီဝင်အသစ် လျှောက်လွှာပေးအပ်ပွဲပြုလုပ်

ညောင်ဦး၊ သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက်တွင် ပါတီဝင်အသစ် ၅ဝ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ဝင်ရောက်ရန် ပါတီမိတ်ဆွေ ဒေါ်အုန်းကြည်နေအိမ်တွင် ယမန်နေ့ နံနက် ၁၁နာရီက စုပေါင်းလျှောက်လွှာပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတွဲခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်း၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လူငယ်ခေါင်းများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် (သံတွဲမြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်းမှ ပါတီဌာနချုပ်နှင့် ပြည်နယ်ပါတီ၏ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ဝက်လက်၊ သြဂုတ် ၇

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

မအူပင်၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ မအူပင်မြို့နယ် ပန်တပွတ်ကျေးရွာအုပ်စု ကျေးရွာပါတီကော်မတီဝင် ဦးဝင်းကြည်နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိ

ရွှေကျင်၊ သြဂုတ် ၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်ခင်ခင်ဝင်းနှင့် ခရိုင်/မြို့နယ်ပါတီမှ တာဝန်ရှိသူများ ဦးဆောင်သော တိုင်းဒေသကြီး ”သီဟသွေး” လူငယ်အဖွဲ့များသည် ယမန်နေ့နံနက် ပိုင်းက ရွှေကျင်မြို့နယ်အတွင်း ဇူလိုင်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေကြီးခဲ့သော ကျေးရွာများသို့ ရေဘေးကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများပေးအပ် ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်ပါတီဥက္ကဋ္ဌမှ သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေး ထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး

နေပြည်တော်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ဦးခင်မောင်စိုး တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာတာဝန်ခံများ နှင့် တွေ့ဆုံ

ရန်ကုန်၊ သြဂုတ် ၇

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကံမမြို့နယ် ကြို့ပင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ ပါတီဝင်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကံမ၊ သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဦးစွာတက် ရောက်ခဲ့သည်။

ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​ချီးမြှင့်ပြီး ကြိုဆိုနှုတ်​ခွန်းဆက်​စကား ​ပြောကြား

 

ကံမ၊ သြဂုတ်​၊ ၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီး တာဝန်​ခံ ဦးပိုက်​​ထွေးသည် ​ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်းပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း၊ တိုင်းပါတီကော်​မတီဝင်​ ဦးဟန်​​မောင်​ တို့နှင့်​အတူ ယ​နေ့ ၀၉:၃၀ နာရီအချိန်​တွင်​ သရက်​ခရိုင်​၊ကံမမြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​​သော ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ တက်​​ရောက်​အား​ပေးခဲ့ပြီး ကြိုဆိုနှုတ်​ခွန်းဆက်​‌စကား​ပြောကြားခဲ့ပါသည်​ ။