မကွေး၊ စက်တင်ဘာ၊ ၆
မကွေး၊ စက်တင်ဘာ၊ ၆
၆.၉.၂၀၁၈ နေ့ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ ယနေ့ကျင်းပခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုပြီး စတင်ခဲ့ပါသည်၊ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌဦးဝင်ကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးခေါင်းဆောင်များ၊ လူငယ်အမျိုးသမီးအဖွဲ့များနှင့် ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသမီး စုဖွဲ့ဆွေးနွေးပွဲများ ဆက်လက် ကျင်းပကြပါသည်။
၅. ၉. ၂၀၁၈. ရက်နေ့ နံနက် ၉ နာ၇ီခန့်အချိန်တွင် ကယားပြည်နယ်ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်မူကြောင့် မြစ်ကမ်းဘေးတွင် နစ်မြုပ်လျက်ရှိသော လူနေအိမ်များအား ဖားဆောင်းမြို့နယ် မြေခံတပ်ရင်း ခလရ ၁၃၅ နှင့် ၁၃၄ ပြည်သူရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်ညိုနှင့် လူငယ်အဖွဲ့များ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ရေက မနက်ဖန် ဆက်တက်နေမယ်ဆိုရင် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးမှ ပြောကြားကြောင်း သတင်းရရှိပါသည်။ ဖားဆောင်းမြို့နယ် ရွှေပြည်တော်သို့ ပရဟိတလူမူကူညီရေးအသင်းကြီးမှလည်း အားကြိုးမာန်တက် ပါဝင်ကူညီလျှက်ရှိကြောင်း သိရှိရပါသည်.။
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၅) ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ပါတီရဲ့လမ်းညွန်ချက်များအား ချပြဆွေးနွေးရာ တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများမှ မိမိတို့ခရိုင်၊ မြို့နယ်များရဲ့ လုပ်ဆောင်ချက်များအား ဆွေးနွေးတင်ပြရာ ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် (၂) ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ (၁၀) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၁း၃၀) နာရီချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။
၅.၉.၂၀၁၈ နေ့ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ပါတီဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ( ၉:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုနောက်တွင် ခရိုင်/မြို့နယ် EC များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ၊ လက်ရှိ နိုင်ငံတော်၏အခြေအနေများ၊ မိမိတို့ပါတီ၏ ပြည်သူ့အကျိုးပြု ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အခမ်းအနားကို နေ့လည် ( ၁၂:း၀၀) နာရီမှာ ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားကို ခရိုင်ကော်မတီဝင် ဦးချစ်သိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးသောင်းဦးနှင့် မြို့နယ်ကော်မတီဝင်များ အရန်မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် ပါတီလူငယ်များ တက်ရောက်ခဲ့ကြပါသည်။
မအူပင် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင်မအူပင်မြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း၊ မြန်မာ (ဧရာဝတီတိုင်းဒေသကြီး အသင်း ခွဲ)တို့ပူးပေါင်းလျက် မူးယစ်ဆေး ဝါးနှင့်ပတ်သက်သည့်ဟောပြောပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက မအူ ပင်မြို့ အစိုးရနည်းပညာအထက် တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာ စက်တင်ဘာ ၅
မိတ္ထီလာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့ နယ်အစည်းအဝေးခန်းမ၌ ရပ်ကွက် အုပ်စုများနှင့် အမျိုးသမီးညီလာခံ အကြိုညှိနှိုင်းပွဲကို ယနေ့ နံနက် ၉နာရီခွဲမှ ၁၁နာရီခွဲထိ ကျင်းပခဲ့ သည်။
အစည်းအဝေးကို ရပ်ကွက် အုပ်စုဥက္ကဋ္ဌများ ၈ဝ တက်ရောက် ၍ ပြည်ခိုင်ဖြိုးပါတီ ခရိုင်နယ်မြေ တာဝန်ခံ ဦးဖိုးဥာဏ်၊ ဒေါ်သီတာ ဝင်းကို၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် မြို့နယ်ကော်မတီဝင် များ တက်ရောက်ကြသည်။
မအူပင် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့် ဗဟို အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီး ညီလာခံအကြို မအူပင်မြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲဆောင် ရွက်မည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ထားမှုများအား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
ရပ်စောက် စက်တင်ဘာ ၅
ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ မြို့နယ်ကော်မတီဝင် ဦးဝင်းအောင်၊ ဦးအုန်းဖေ၊ ဦးလင်းထင်အောင်၊ ဦးနေမျိုးအောင်တို့သည် အလည်ချောင်ကျေးရွာအုပ်စု ဇီးဖြူတောင် ကျေးရွာရှိ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ယနေ့နံနက် ၁ဝ နာရီတွင်တွေ့ဆုံ၍ ပါတီဝင်များ၏ လူမှုရေးအခြေအနေများကို ရင်းရင်း နှီးနှီးတွေ့ဆုံဆွေးနွေးပြီး လက်ရှိနိုင်ငံရေး အခြေအနေများ၊ ရှေ့လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မိုးကောင်း စက်တင်ဘာ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပင်းဘောကျေးရွာအုပ်စု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။