ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ပိုစတာစိုက်ထူ

 

တမူး စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်ခမ်းပါတ်မြို့ကနန်ကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ အောင် နိုင်ရေးပိုစတာစိုက်ထူပွဲကို ယနေ့ နံနက် ၁ဝနာရီတွင် ကျင်းပသည်။

အဆိုပါပွဲတွင် ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးရိုထန်းပွီးယာ၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင် ရွှေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့် အောင်တို့က နှုတ်ဆက်စည်းရုံးရေး စကားများပြောကြားပြီး ခရိုင်အရန် ကော်မတီဝင် ဦးဇိုးရင့်ထန်းငါက တိုင်းရင်းသားဘာသာစကားဖြင့် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အာဟာရဒါနကျွေးမွေးလှူဒါန်း

 

ပန်းတနော် စက်တင်ဘာ ၃

ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက် ဘိတ်ကျောင်းဘုန်း တော်ကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်ကြသော ပုဂ္ဂိုလ် များနှင့် ဓမ္မစကူးလ်သင်ကျောင်းသား ကျောင်းသူများအား ပန်း တနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်ခင်မိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များက ယနေ့နံနက် ၁ဝ နာရီခွဲ၌ အာဟာရဒါနထမင်းကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)


ပြည်နယ်ကော်မတီဝင်လူငယ်ရေးရာဒုတိယတာဝန်ခံ ဖားဆောင်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဖားဆောင်း စက်တင်ဘာ ၃

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဘောလခဲခရိုင် ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဖား ဆောင်းမြို့နယ်တာဝန်ခံ လူငယ်ရေးရာ ဒုတိယ တာဝန်ခံဒေါ်နန်းယဉ်သီတာထွေးနှင့် ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်ညိုနှင့် မြို့နယ်ကော်မတီဝင်များ၊ ဖားဆောင်းမြို့နယ် လူငယ်ရေးရာတာဝန်ခံမောင်ထွေးတင်၊ မောင်လရိပ်တို့နှင့်တွေ့ဆုံ၍ လူငယ်ရေးရာလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြမူများဆောင်ရွက်ခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲ တွင် ဖားဆောင်းမြို့နယ် လူငယ်ရေးရာတာဝန်ခံမောင်ထွေးတင်က လူငယ်များ ဆောင်ရွက်ရမည့်ရှေ့ လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ မြို့နယ်ပါတီဥက္ကဋ္ဌက လမ်းညွှန်မှုများချမှတ်ပြီး လူငယ်များအား ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲကျင်းပ

 

ညောင်ဦး စက်တင်ဘာ ၃

မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့နံနက် ၉နာရီခွဲက ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်

 

3-9-2018 ပြည်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ရွှေကူရပ်ကွက် အ-ထ-က ခွဲ(၂)ကျောင်းရှေ့ မျက်နှာစာတွင် ပေါက်နေသည့်ချုံနွယ်ပိတ်ပေါင်းများအား ပဲခူးတိုင်းပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မှ တိုင်းကော်မတီဝင်များ ပြည်ခရိုင်ပါတီကော်မတီဝင်များ ပြည်မြို့နယ်ပါတီကော်မတီဝင်များ မှ သန့်ရှင်ရေးလုပ်ငန်းများ အား ဆောင်ရွက်ခဲ့ပါသည်။


ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်

 

3-9-2018 ပြည်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ရွှေကူရပ်ကွက် အ-ထ-က ခွဲ(၂)ကျောင်းရှေ့ မျက်နှာစာတွင် ပေါက်နေသည့်ချုံနွယ်ပိတ်ပေါင်းများအား ပဲခူးတိုင်းပါတီဒုတိယဥက္ကဌ ဦးအောင်ချိုဦး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)မှ တိုင်းကော်မတီဝင်များ ပြည်ခရိုင်ပါတီကော်မတီဝင်များ ပြည်မြို့နယ်ပါတီကော်မတီဝင်များ မှ သန့်ရှင်ရေးလုပ်ငန်းများ အား ဆောင်ရွက်ခဲ့ပါသည်။