မအူပင် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် မြို့ ရှောင်လမ်းတွင် ဖွင့်လှစ်ထားရှိ သော မအူပင်ဘိုးဘွားရိပ်သာ၏ သတ္တမအကြိမ်မြောက် ဝါဆို သင်္ကန်းကပ်လှူပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက မအူပင်မြို့ ဘိုးဘွားရိပ်သာဓမ္မာရုံတွင် ကျင်းပ ခဲ့ရာ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှလည်းသင်္ကန်းပါဝင်ကပ်လှူ ခဲ့ကြောင်း သိရသည်။