မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဖွင့်

 

မိုးကောင်း စက်တင်ဘာ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပင်းဘောကျေးရွာအုပ်စု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင် ဒုတိယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းများအား လက်ရှိနိုင်ငံရေးအခြေအနေများ ရှင်းလင်းပြောကြား

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် က ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ပါတီဝင်ဟောင်းများအား ယနေ့မွန်းလွဲ ၃ နာရီက သွားရောက် တွေ့ဆုံပြီး ‘စဉ်းစားချိန်တန်ပြီ’ခေါင်းစဉ်ဖြင့် လက်ရှိနိုင်ငံရေးအခြေအနေများ ရှင်းလင်းပြောကြားကာ စကားဝိုင်းဖွဲ့ဆွေးနွေးမှုများပြုလုပ်စဉ်။

ဝင်းအောင်(မိုးကောင်း)


ပြည်ခိုင်ဖြိုးပါတီလူငယ်များ သန့်ရှင်းရေးဆောင်ရွက်

 

မအူပင်၊ စက်တင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် အမှတ် (၆) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲတေဇာကျော် ဦးဆောင်သော ပြည်ခိုင်ဖြိုးလူငယ်များသည် ယမန်နေ့ နံနက် ၇ နာရီက အမှတ် (၆) ရပ်ကွက် လူသွားလမ်းတွင်ရှိသော ပေါင်းမြက်များ ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းမင်္ဂလာနှင့် နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်း

 

ယနေ့ (5.9.18) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကြက်မျှားကျေးရွာ အုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ဆွေးနွေးခြင်း အခမ်းအနားအား နံနက်(8:30)အချိန် ရပ်ကျေးပါတီကော်မတီဝင်ေ ဒ်ါခင်မျိုးဆွေနေအိမ်တွင် ကျင်းပခဲ့ရာ တိုင်းပါတီကော်မတီဝင်ေ ဒ်ါသိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များနှင့် ပါတီဝင်များ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ကြပြီး နိုင်ငံရေးစကားဝိုင်းဆွေးနွေးခြင်းမင်္ဂလာချိန်၌ ပါတီဆိုင်းဘုတ်တင်တင်ခြင်းမင်္ဂလာ ဆက်လက်ကျင်းပခဲ့ပြီး စုပေါင်း၍ မှတ်တမ်းတင်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် စက်တင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂ဝ၁၈)ကိုယနေ့နံနက်၉ နာရီခွဲ က နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများက လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒုတိယ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ကြီးတံခွန်မြို့နယ် ရှမ်းတိုင်းရင်းသားအောင်နိုင်ရေး အစည်းအဝေးပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရှမ်းတိုင်းရင်းသားအောင်နိုင်ရေးအစည်းဝေးကို မြို့နယ်ပါတီရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ယင်းအစည်းဝေးကို (၅.၉.၂၀၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး စုစုပေါင်းအင်းအား (၄၀) ဦးဖြင့် ပြုလုပ်ခဲ့ကြပါသည်။

မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်သစ်တင်ပွဲနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပွဲကျင်းပ

 

မလှိုင်၊ စက်တင်ဘာ ၎