နေပြည်တော်၊ စက်တင်ဘာ ၆
နေပြည်တော်၊ စက်တင်ဘာ ၆
ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၄/၂ဝ၁၈)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ်ရပ်ကွက် ခေမာသီဝံ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားတွင် ပြည် ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါ် စန်းစန်းဝင်းက အမှာစကားချီးမြှင့် ပေးခဲ့သည်။ ဆက်လက်၍ မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်ကသင်တန်း ဆင်းအမှာစကားပြောကြားခဲ့သည်။
မိုးမိတ် စက်တင်ဘာ ၆
မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမြင့်သည် ခရိုင်ဘဏ္ဍာရေးမှူး ဦးစောဦး၊ မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ဦးတိုးတို့နှင့်အတူ ယမန်နေ့က လက်ခုတ်ပင် ကျေးရွာသို့သွားရောက်ပြီး အုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတို့က ရေပူအင်းကျောင်း အဆင့်တိုးမြှင့်ရေးကိစ္စ ညှိနှိုင်းဆွေးနွေး ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌက သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမည် – ဦးစိုင်းအောင်ကြည်
လူမျိုး/ဘာသာ – ရှမ်း၊ ဗုဒ္ဓ
အသက် – ၅၇ နှစ်(၂၀.၉.၁၉၆၁)
မွေးဇာတိ – ဆင်ဖြူအင်းကျေးရွာ၊ ပန်းဦးတောင်အုပ်စု၊ ပြင်ဦးလွင်မြို့နယ်။
ပညာအရည်အချင်း – LL,B
အလုပ်အကိုင် – တရားလွှတ်တော်ရှေ့နေ(မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်နှင့် AGD ဘဏ်များ၏ရှေ့နေ)
အဖအမည် – ဦးသြဘာ
အမိအမည် – ဒေါ်လှ
ဇနီးအမည် – ဒေါ်သီတာလွင်
သား/သမီး -အင်ဂျင်နီယာဘွဲ့ရ၊ အလုပ်သင်ဆရာဝန်၊ ဆေးကျောင်းတတိယနှစ် အပါအဝင်သားသမီး (၄) ဦး
ပါတီတာဝန် – တိုင်းဒေသကြီးပါတီကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မန္တလေးတိုင်းဒေသကြီး။
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလွှတ်တော်
——————————————————————-
ဖြူး စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးကိုကိုကျော် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)နှင့် ဇနီးဒေါ်မြင့် မြင့်ထွဏ်းတို့က မတည်၍ ပါတီဝင်များ၏ ထည့်ဝင်လှူဒါန်းငွေများစု ပေါင်းကာ ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေဘေးဒုက္ခခံစားနေကြရသော သစ်ခြောက်ခင်ကျေးရွာအုပ်စု ကမ်းနား မြိုင်ရွာနှင့် ရှားပင်ရှောင်ကျေးရွာတို့မှ အိမ်ခြေ ၁ဝဝကျော်တို့အတွက် ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကျန်းမာရေးအတွက် ဆေးဝါးများကို ဖြူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် မြို့နယ်အမှုဆောင်များ၊ ဒေသတာဝန်ခံများ၊ ပါတီဝင်လူငယ်များ အဖွဲ့က ယခုလ ၃ ရက် နံနက်တွင် မိသားစုများလက်ဝယ်အရောက် သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဘိုကလေး စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ဆတ် ကျွန်း ကျေးရွာအုပ်စု ဆတ်ကျွန်း ကျေးရွာတွင် သြဂုတ် ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့်လူနေ အိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့ သည်။
ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက အမျိုးသမီးညီလာခံအကြိုကလေးများဖွံ့ဖြိုးမှုမှန်ကန်ကောင်းမွန်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်အနောက်ပိုင်းခရိုင်တာဝန်ခံ ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ဒေါ်စန်းစန်းဝင်း(၁)၊ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်၊ စိတ်ပညာပါမောက္ခ(ငြိမ်း) ဒေါ်သက်ထားဝင်းနှင့် စိတ်ပါ ဝင်စားသူ မိခင်များတက်ရောက်ကြသည်။
သီပေါ စက်တင်ဘာ ၆
သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လပတ်အစည်းအဝေးနှင့် အမျိုး သမီးနှီးနှောဖလှယ်ပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီ ဦးစိုင်းစိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင်က (၂ဝ၂ဝ) အောင်နိုင်ရေးကို ဦးထိပ်ထားပြီး ဆောင် ရွက်ကြရန်နှင့် လာမည့်အောက်တိုဘာပထမပတ်တွင်ကျင်းပမည့် အမျိုး သမီးနှီးနှောဖလှယ်ပွဲကို အနှစ်သာရရှိစွာဖြင့် ပါတီဝင်အမျိုးသမီးထုအား ကိုယ်စားပြုကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။
မကွေး၊ စက်တင်ဘာ၊ ၆
၆.၉.၂၀၁၈ နေ့ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးခန်းမ၌ ယနေ့ကျင်းပခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုပြီး စတင်ခဲ့ပါသည်၊ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌဦးဝင်ကြည်နှင့် ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမျိုးသမီးခေါင်းဆောင်များ၊ လူငယ်အမျိုးသမီးအဖွဲ့များနှင့် ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသမီး စုဖွဲ့ဆွေးနွေးပွဲများ ဆက်လက် ကျင်းပကြပါသည်။