မင်းတုန်း၊ အောက်တိုဘာ၊ ၁၂
မင်းတုန်း၊ အောက်တိုဘာ၊ ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်မြို့နယ်မှ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အသိပညာပေးသင်တန်း (ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားအား (၁၂.၁၀.၂၀၁၈) ရက်နေ့ နံနက် (၉:၃၀) နာရီ အချိန်က ပြင်ဦးလွင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသား/သူများ စုစုပေါင်း အင်အား (၂၁၅) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။
ပွင့်ဖြူ၊ အာက်တိုဘာ ၁၂
ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအမျိုးသမီးရေးရာ ညီလာခံ အကြို၊ အမျိုးသမီးရေးရာ နှီးနှောဖလှယ်ပွဲကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မင်းဘူးခရိုင်ကော်မတီဝင် ဦးစန်းယုနိုင်၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တက်ရောက်အားပေးခဲ့ကြသည်။
တက်ရောက်လာသူ ပါတီဝင် အမျိုးသမီးလူငယ်များ တက်ရောက်ခဲ့ကြပြီး၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းစဉ်အလိုက် အစုအဖွဲ့များခွဲပြီး တက်ကြွပျော်ရွှင်စွာ ဆွေးနွေး ခဲ့ကြပါသည်။
ဘိုကလေး အောက်တိုဘာ ၁၁
ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအမျိုး သမီးညီလာခံအကြို ဘိုကလေး မြို့နယ် အမျိုးသမီးနှီးနှောဖလှယ် ပွဲအခမ်းအနားကို ယမန့်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
တမူး၊ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် တမူးခရိုင်၊ တမူးမြို့နယ်ရှိ ကျွန်းတောရေရှင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရ အားလည်းကောင်း၊ ဂဏပါမောက္ခကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂ မဟာဂန္ထဝါစကပဏ္ဏိတဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တပညိန္ဒ အားလည်းကောင်း၊ မြို့မကျောင်းတိုက်တွင် တိုက်အုပ်ဆရာတော်ဘဒ္ဒန္တမာနိတသီရိ အမှူးရှိသော သံဃာတော်အရှင်သူမြတ် အားလည်းကောင်း၊ ကလေးမြို့နယ်ထေရဝါဒသာသနာပြုဗဟိုဌာနချုပ် သာသနဝေပုလ္လအေးပါစေကျောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇဝန တို့အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ကလေး၊ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီအချိန်တွင် ကလေးခရိုင်၊ ကလေးမြို့ရှိ မဟာသာကပဋိမာ ရေဆန်ကျွန်းမြတ် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမျှော်ကြည်ညိုပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဖေါင်းပြင်၊ အောက်တိုဘာ ၁၁
အောက်တိုဘာ ၁၁
ယခုနှစ်ဒီဇင်ဘာလအတွင်း၌ ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင် ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ တောရဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ထားသော တောရဓမ္မစကူးလ်ကျောင်းသား ကျောင်းသူများ ၂၅ဝ ကို အာဟာရဒါနအဖြစ် အုန်းနို့သာဂူ တိုက် ကျွေးခဲ့သည်။
ဖားကန့် အောက်တိုဘာ ၁၁
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံ ရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက လီဒို လမ်းမကြီးဘေး ပါတီစည်းရုံးရေး နယ်မြေ လဝါးကျေးရွာရှိ ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးလဝါးဇော်မိုင်၏ နေအိမ်၌ကျင်းပရာ သဘာပတိ အဖြစ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင် ဖရောင်းဂမ်က အမှာစကားပြော ကြားပြီး မြို့နယ်ပါတီအတွင်းရေး မှူး ဦးထွန်းမြင့်က သင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ပို့ချပေးမည့် ဘာသာရပ်များကို အသိပေးရှင်းလင်းပြောကြားသည်။
တမူး အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အဆင့်ပါတီ တာဝန်ရှိသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။