ရှမ်းပြည်နယ် (အရှေ့ပိုင်း) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ရှမ်း/ ရှေ့) နယ်မြေတာဝန်ခံဗဟိုကော်မတီဝင် ဦးစိုးနိုင်နှင့် (ရှမ်း/ရှေ့) ဒုတိယဥက္ကဌ ဦးစိုင်းလုံဆိုင်၊ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ (ရှမ်း/ရှေ့) ခရိုင်နှင့်မြို့နယ် (၁၀) မြို့နယ်မှ ခရိုင်ပါတီဥက္ကဌနှင့် အတွင်းရေးမှူး၊ မြို့နယ်ဥက္ကဌနှင့်မြို့နယ်အတွင်းရေးမှူးများသည် ယနေ့ (၉.၁၀.၂၀၁၈) နေ့၌ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားအား စတင်ကျင်းပခဲ့ကြကြောင်း သိရှိရပါသည် ။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ပြည်သူနှင့်တွေ့ဆုံစည်းရုံးဟောပြော

 

တမူး အောက်တိုဘာ ၈

တမူးပြည်ခိုင်ဖြိုးပါတီနှင့် ကိုယ်စားလှယ်လောင်းဦးရိုထန်းပွီး ယာတို့သည် ယမန်နေ့က ခမ်းပါတ် (၂)နှင့်(၁)ရပ်ကွက်ပြည်သူများ နှင့် တွေ့ဆုံပြီး မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။ ခရိုင်ကော်မတီဝင် ဦးအောင်ကိုလတ်က မဲထည့်နည်းစနစ်ကိုရှင်းပြခြင်း၊ ကိုယ်စားလှယ် လောင်းက မိတ်ဆက်စကားပြောကြားခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ မဲဆွယ် စည်းရုံးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း၊ တိုင်းကော်မတီဝင် ဦးမင်းမင်းဇေယျာမြင့်၊ ခရိုင်/မြို့နယ်မှ ပါတီကော်မတီဝင်များလည်း တက်ရောက်အားပေးခဲ့ကြောင်း သိရ သည်။

ဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြု သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြည်သူ့အကျိုးပြုလုပ်ငန်းများစုပေါင်းဆောင်ရွက်

 

တနင်္သာရီ အောက်တိုဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်-တနင်္သာရီမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုဖြင့် ပထမအကြိမ်လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ် ပါတီကော်မတီဝင်များ၊အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၇ဝ တို့သည် ယမန်နေ့ နံနက် ၉ နာရီခွဲက တနင်္သာရီမြို့ ချောင်းရပ်ကွက် ရိပ်သာဘုန်းတော်ကြီးကျောင်းရှိ သဘာဝဘိုးဘွားရိပ်သာတွင် နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ၄င်းရိပ်သာအတွင်း ပတ်ဝန်းကျင် တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

ရန်ကုန် အောက်တိုဘာ ၈

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ အင်အား ၅၄ ဦးတို့ သည် ယမန်နေ့ နံနက် ၇ နာရီက သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် မြတ်ကြီးတွင် သန့်ရှင်းရေးစုပေါင်း လုပ်အားပေးခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံကြိုဆိုဂုဏ်ပြု မူကြိုကျောင်းတွင်အာဟာရဒါနပြု

 

မိုးကောင်း အောက်တိုဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်နှင့်ကော်မတီဝင် များ၊မြို့နယ်ပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်းကြည်နှင့်အဖွဲ့ဝင် များ၊ ပါတီဝင်များသည် ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံနှင့် ၁၆ ခုတင်ဆံ့တိုင်းရင်း ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေ သော လူနာများ၊ လူနာစောင့်များ နှင့်ဆေးရုံဝန်ထမ်းများ၊ မိုးကောင်း မြို့ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းမှဆရာမများနှင့်ကျောင်း သားကျောင်းသူ ၇၈ ဦးတို့အား နံနက်စာအာဟာရဒါနအဖြစ်ကြက် သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးစည်းဝေး

 

မင်းလှ အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အဆင့် အမျိုးသမီး ညီလာခံအကြိုနှီးနှောဖလှယ်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအစည်း အဝေးကို ယမန်နေ့က ကျင်းပသည်။

အစည်းအဝေးတွင် သာယာဝတီခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးဇော်ဝေလင်းကဗဟိုအမျိုးသမီးညီလာခံအောင်မြင်စွာကျင်းပ နိုင်ရန်၊ ပါတီဝင်များစည်းလုံးစွာ ဆောင်ရွက်ကြရန်တိုက်တွန်းအမှာ စကားပြောကြားပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးထက်ဝင်းက ဗဟိုအမျိုးသမီးညီလာခံတွင်အခမ်းအနားအစီအစဉ် များကြိုတင်ဆောင်ရွက်ထားရှိမှုနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အားဆွေးနွေးပြောကြားသည်။

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကျင်းပ

 

မြိတ် အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသည့် ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ် ပွဲကို မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၈နာရီခွဲကကျင်းပခဲ့ရာ တိုင်းဒေသကြီး ကော်မတီဝင်ဦးသိန်းလွင်၊ မြိတ်ခရိုင်ပါတီ ဥက္ကဋ္ဌဦးဝင်းဆွေ၊ အတွင်းရေးမှူးဦးအောင်ဇော်မိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြိတ်မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ အတွင်းရေးမှူးကိုကိုကြီး၊ မြိတ်မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာ ပါတီဥက္ကဋ္ဌများ၊ ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၅ဝကျော် တက်ရောက်ခဲ့သည်။

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ေ တာင်သုံးတောင် လမ်းကြမ်းဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကျင်းပမည်

 

မန္တလေး အောက်တိုဘာ ၈

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်သုံး တောင်လမ်းကြမ်းဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို မန္တလေးမြို့ ၌ ယခုလ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်နှင့် MFR တို့မှ ကြီးမှူးကျင်းပ သွားမည်ဖြစ်ပြီး Black Shield ကုမ္ပဏီမှ အဓိက ကူညီပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံ အတွင်းရှိ စက်ဘီးအားကစားသမားများ ပါဝင်ဆင်နွှဲရန်ဖိတ်ခေါ်ထားကြောင်းမြန်မာ နိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းက ပြောသည်။

အမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက်ထို ပြည်ခိုင်ဖြိုးပါတီမှ လုပ်အားဒါနလှူဒါန်း

 

ကျိုက်ထို၊ အောက်တိုဘာ၈

ယနေ့  (၈-၁၀-၂၀၁၈) ရက်နေ့  ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ကျိုက်ထို မြို့နယ်ဘုရား သုံးဆူတောင်ပေါ်တွင် တည်ဆောက်နေသော ကမ္ဘာအကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဝန်းအတွင်း သန့်ရှင်းရေး လုပ်အားဒါန လှူ ဒါန်း ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ မြို့နယ် ပါတီ ဥက္ကဌ ဦးဇေယျာဦး ၊အတွင်းရေးမှူး ဦးကြည်စိုး ၊မြို့နယ် အမျိုးသမီး ရေးရာ တာဝန်ခံ ဒေါ်မြစန္ဒာဦး နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များ၊ အမျိုသမီးပါတီဝင်များ စုစုပေါင်းအင်အား (၅၆၀) ဦးဖြင့် ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြပါသည်။

ရှမ်း​မြောက်​ မိုးမိတ်​မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့်အဖွဲ့ ​ကျေးရွာ ပါတီအဖွဲ့ များနှင့် ​တွေ့ဆုံ

 

အောက်တိုဘာ ၇

နေ့လည်​ (၁း၂၀) တွင်​ ရှမ်း​မြောက်​ မိုးမိတ်​မြို့နယ်​ ပါတီဥက္ကဌ ​ဒေါ်နန်းခင်​မြင့်ဌေးနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​. ရပ်​/​ကျေးပါတီဥက္ကဌများ (၁၃) ဦးတို့ နှင့်​ အတူ သစ်​ဆိမ့်ကုန်း​ကျေးရွာအုပ်​စု နဘူး​ကျေးရွာသို့ သွား​ရောက်​၍ ​ကျေးရွာပါတီဝင်​များနှင့်​ ​တွေ့ဆုံ​၍ ပါတီဝင်​ စီစစ်​ခြင်း လုပ်​ငန်းများ ပါတီဝင်​အသစ်​များ ရရှိ​ရေး ​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြပါသည်​။
ရှေးဦးစွာ နဘူးဘုန်း​တော်​ကြီး ​ကျောင်းဆရာ​တော်​အား ပူ​ဇော်​ကန်​​တော့ခဲ့ကြပြီး ​ကျေးရွာပါတီဝင်​များနှင့် ​ကျေးရွာအတွက်​ လိုအပ်​​ချက်​ တင်ပြချက် ​များအား ​ဆွေး​နွေး​မေးမြန်းညှိနှိုင်း​ခဲ့ကြပါသည်​။ ပါတီဝင်​ အသစ်​များ ရရှိ​ရေးအတွက်​ လက်​ရှိ နိုင်​ငံ​ရေးအ​ခြေအ​နေများ ပါတီ၏ ယခု ဌာနဆိုင်​ရာများနှင့် ချိတ်​ဆက်​၍ ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်​များ ​​ဆောင်​ရွက် ​နေမှုများ ရှင်းလင်း​ဆွေး​နွေးခဲ့​ကြောင်း တင်​ပြအပ်​ပါသည်။