လားရှိုး၊၂၀၁၈၊ အောက်တိုဘာ ၁၀
လားရှိုး၊၂၀၁၈၊ အောက်တိုဘာ ၁၀
ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၀/၂၀၁၈) အခမ်းအနားအား ယမန်နေ့ (၉-၁၀-၂၀၁၈) ရက်နေ့ နံနက် (၉) နာရီမှ (၁၁း၀၀) နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး (၃၆) အုပ်စုမှ ရပ်ကျေးပါတီဥက္ကဌများနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ပထမဦးစွာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်တူးအောင်မှ စည်းရုံးရေးနှင့် ပတ်သက်သည်များကို လည်းကောင်း၊ တက်ရောက်လာသည့် ရပ်ကျေးဥက္ကဌများ၊ ကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ရပ်ကျေးဥက္ကဌများ၊ ကော်မတီဝင်များကို ပါတီဝတ်စုံ ပုဆိုးများ ကံစမ်းမဲဖောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်(တ) အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြို နှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉နာရီက မြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ရာပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွန်း၊ ပြည်နယ်ဘဏ္ဍာ ရေးမှူး ဒေါ်ဝါဝါထွေး၊ ခရိုင်အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်နန်း မွေငင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး အမျိုးသမီးကိုယ်စား လှယ်များနှင့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့များမှ အမျိုး သမီးကိုယ်စားလှယ်များ စုစုပေါင်း ၁၇ဝခန့် တက်ရောက်ခဲ့ကြသည်။
မော်လမြိုင်ကျွန်း ၊ အောက်တိုဘာ ၉
ညောင်ဦး အောက်တိုဘာ ၉
ညောင်ဦးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍ အနော်ရထာလမ်းမဘေးရှိ ပြည်ခိုင်ဖြိုးရုံး၌ ယမန်နေ့ နံနက် ၉နာရီက ရပ်/ကျေးပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း ပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။
မော်လိုက် အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လိုက်မြို့နယ် မြို့မကျောင်းရှိ ဓမ္မစကူးလ်ကျောင်းသားကျောင်းသူ ၃၂၄ ဦးအား ယမန်နေ့နံနက် ၁ဝ နာရီခွဲက နေ့လယ်စာအာဟာရဒါနအဖြစ် ထမင်းကျွေးမွေးခဲ့ပြီး ဆောက် လုပ်ဆဲဆွမ်းစားကျောင်းဆောင်သစ် အတွက် အလှူငွေကျပ် ၅ဝဝဝဝ အား လှူဒါန်းခဲ့သည်။
၉.၁၀.၂၀၁၈ ခုနှစ် နံနက် ၉း၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီခန်းမ၌ မြို့နယ်အဆင့် အမျိုးသမီးညီလာခံအကြို နှီနှောဖလှယ်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
အဆိုပါအမျိုးသမီးအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်နယ်မှ အမျိုးသမီးတာဝန်ခံနှင့် ဘဏ္ဍာရေးမှူ ၊ ခရိုင်အမျိုးသမီးတာဝန်ခံ ၊ မြို့နယ် ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရပ်ကျေးဥက္ကဌနှင့်စည်းမှူးများ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသားအမျိုးသမီးများ ၊ စုစုပေါင်းအင်အား (၁၇၀) ဦး တက်ရောက်ခဲ့ကြပါသည်။
တောင်တွင်းကြီး၊ အောက်တိုဘာ ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ (၂၀၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်တွင်းကြီးမြို့နယ်
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်သိန်း ဦးဆောင်၍ ကော်မတီဝင်များ၊ အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၅၀ ဦးဖြင့် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်တွင် ဒုတိယအကြိမ် သန့်ရှင်းရေးလုပ်အားဒါန ဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ကုသိုလ်ပြု ဆောင်ရွက်ကြကြောင်း သိရသည်။
စစ်တွေ၊ အောက်တိုဘာ(၈)ရက်
ပေါက်၊ အောက်တိုဘာ၊ ၈