တမူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာ ဟဲဇင်းကျေးရွာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

တမူး အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်တမူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာသည် ၂ဝ၁၈ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ဟဲဇင်းကျေး ရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ ဆုံခဲ့သည်။

အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် ကုန်းသာယာကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီးအုတ်တွင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် သည် တောင်ငူမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် ခရိုင်၊ မြို့နယ် ကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက် ၁ဝနာရီကျော်တွင် တောပု ကျေးရွာအုပ်စု ကုန်းသာယာကျေး ရွာနေ ဦးတင်မောင်ထွေးနေအိမ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ကောလင်း အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်ပြည်ခိုင် ဖြိုးပါတီဗဟိုအမျိုးသမီး ညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမျှော်ကြည်ညို

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် ယနေ့ ညနေ ၆ နာရီအချိန်တွင် မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးရှိသော ဆရာတော် သံဃာတော်များအား ဖူးမျှော်ကြည်ညိုကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကန့်ဘလူတွင်ကျင်းပ

 

ကန့်ဘလူ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်က မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု ခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း များ ဆောင်ရွက်ကြသည်။

ရွှေကူမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ရွှေကူ အောက်တိုဘာ ၁၆

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသောဗဟို အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ် ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပြု လုပ်ခဲ့ရာ ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဒေါ်ဝိုင်း၊ ခရိုင်ပါတီကော် မတီဝင်ဒေါ်နန်းစိုးစိုးအောင်၊ ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်း ထိုက်၊ ဘဏ္ဍာရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်၊ အမျိုးသမီးရေးရာကော် မတီဝင်များ စုစုပေါင်း ၁၂ဝ တက်ရောက် ခဲ့ကြသည်။

ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

16-10-2018 ပေါင်းတည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ယနေ့နံနက်ပိုင်းကပြည်ခရိုင် ပေါင်းတည်မြို့ ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနု၊ တိုင်းပါတီကော်မတီဝင်ဦးသန်းဇော်ထွန်း နှင့်ပြည်ခရိုင် ပါတီအတွင်းရေးမှူးဒေါ်ဆွေဆွေသင်း ခရိုင်ကော်မတီဝင်ဦးအေးကျော်နှင့်မြို့နယ်ပါတီဥက္ကဌဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ ပါတီအဆင့်ဆင့်မှတာဝန်ရှိသူများ ပါတီဝင်အမျိုးသမီးထုနှင့်ပါတီဝန်းရံသူများတက်ရောက်ခဲ့ကြသည်။

မိုင်းဆတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျွန်းတောရွာ (၆) မိုင် နှင့် ချောင်းဆုံရွာ (၁၀) မိုင် ကျောင်းနှစ်ကျောင်းရှိ ကျောင်းသားကျောင်းသူများကို ဗလာစာအုပ်များ အဖြူ / အစိမ်းများ ထောက်ပံ့ပေးအပ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ခရိုင်ဥက္ကဌ ဦးစိုင်းခတ္တိယ၊ မြို့နယ်ဥက္ကဌ ဦးဒါဝိဒ်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦး နှင့် မြို့နယ်ကော်မတီဝင်များ | ရပ်ကျေးခေါင်းဆောင်များ လိုက်ပါ၍ ယနေ့ (၁၆•၁၀•၂၀၁၈) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ ကျတီအုပ်စု ကျွန်းတောရွာ (၆) မိုင်၊ ချောင်းဆုံရွာ (၁၀) မိုင်ရှိ (အ• မ •က ) ကျောင်း နှစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ သူ များကို ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသုံးဗလာစာအုပ် နှင့် ကျောင်းဝတ် အဖြူ / အစိန်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။