ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ခရိုင် မြို့နယ်တို့မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ဖျာပုံ နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီခွဲမှမွန်းတည့် ၁၂ နာရီအထိ ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဖျာပုံမြို့နယ်ပါတီရုံးတွင် ဖျာပုံခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်နှင့် ခရိုင်ပါတီဝင်များ၊ ဖျာပုံမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီဝင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နယ်မြေတာဝန်ခံမိသားစုက ဗလာစာအုပ်နှင့်စာရေးကိရိယာများလှူဒါန်း

 

ရန်ကုန် နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီ ကော်မတီဝင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်နယ်မြေတာဝန်ခံဒေါက်တာကျော်စိုး မိသားစုသည် ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရုံးမှတစ်ဆင့်အမှတ်(၁၄)ရပ်ကွက် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း (ခွဲ)သို့ ဗလာစာအုပ်နှင့် စာရေးကိရိယာ များ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ လမ်းပြုပြင်ရန်အတွက် ငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်း

 

ယနေ့ (9.11.2018) ရက်နေ (10:30) အချိန့် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ စွန်ရဲအုပ်စု စွန်ရဲကျေးရွာ ကျေးရွာတွင်းလမ်းအား မြေကျောက် (၁၃) စီးစာ အတွက် ငွေကျပ်တစ်သိန်းတိတိအား ကျေးရွာပါတီဥက္ကဌ နှင့် လမ်းဖြစ်မြောက်ရေးကော်မတီထံ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊
မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံး၊ အတွင်းရေးမှူး ဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များ စုပေါင်း၍ လုပ်အားကုသိုလ်နှင့်အတူ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

ဒီးမော့ဆို – နိုဝင်ဘာ ၉

လုပ်ပိုင်ခွင့်အာဏာနဲ့ ဆန္ဒမဲ လဲလှယ်တဲ့လုပ်ရပ်မျိုးမလုပ်ဆောင်ခဲ့ ကိုယ်စားလှယ် သုံးနေရာကို သန့်ရှင်းလွတ်လပ်စွာဖြင့် မဲအပြတ်နိုင်ခဲ့ခြင်းဖြစ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက မကြာမီကပြီးစီးခဲ့သည့် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့သည့်နေရာ သုံးနေရာသည် သန့်ရှင်းလွတ်လပ်စွာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ကြားဖြတ်ရွေးကောက်ပွဲမှာ ရရှိတဲ့ရလဒ်အပေါ်သဘော ထားအမြင်ကို ပြောပြပေး ပါ။

လမ်းပြုပြင်ရန်အတွက် စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီက ငွေကျပ်တစ်သိန်းပေးအပ်လှူဒါန်း

 

စဥ့်ကိုင် နိုဝင်ဘာ ၈

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြောင်းဆုံကြီးအုပ်စု မြောင်းဆုံကြီးကျေးရွာ အဝင်လမ်းအား မြေကျောက်ငါးစီးစာအတွက် ယမန်နေ့နံနက် ၈ နာရီခွဲက ငွေကျပ်တစ် သိန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံး၊ အတွင်းရေးမှူးဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့များ စုပေါင်း၍လုပ်အားကုသိုလ်နှင့်အတူ ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မ​ကွေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ စု​ပေါင်းမဟာဘုံကထိန်​ခင်း အလှူ​တော်​ ကျင်းပပြုလုပ်

 

မကွေး ၊ နိုဝင်ဘာ ၈

မ​ကွေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဋ္ဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စု​စု​နောင်​ နှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ပါတီဝင်​များ​သည်​ ရွာသစ်​က​လေး​ကျေးရွာတွင်​ စု​ပေါင်းမဟာဘုံကထိန်းခင်း အလှူ​တော်​မင်္ဂလာကို အများ​ပေါင်းစု၍ ​ကောင်းမှုကုသိုလ်​ပြုလုပ်​ရာ ပင့်​သံဃာအလှူ​ငွေ (၅၆၀၀၀၀) ကျပ်​၊ ​ကျောင်းတိုက်​ အုတ်​တံတိုင်းအတွက်​ အလှူ​ငွေ(၂၁၀၀၀၀) ကျပ်​၊ နဝကမ္မအလှူ​ငွေ (၅၀၀၀၀၀) ကျပ်​ လှူဒါန်းပြီး ကြွ​ရောက်​လာ​သော ဧည့်​သည်​​တော်​များ၊ ပါတီဝင်​များကို ထမင်း​ကျွေးဧည့်​ခံမှုများ ပြုလုပ်​ခဲ့ပါသည်​။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနဝန်ကြီး H.E. Mr. Song Tao အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။