


ချောင်းမကြီးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံရွာသူရွာသားများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေး သွားရောက်တွေ့ဆုံ
====================
ပျော်ဘွယ် ၊ ဇန်နဝါရီ ၂၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်၊ ချောင်းမကြီးကျေးရွာအုပ်စုအတွင်းရှိ ဒိုင်းကျောင်းကျေးရွာ၊ အုန်းပင်ခြံကျေးရွာ၊ သစ်စိမ့်ပင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။





























