သပိတ်ကျင်း အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးနှင့် အဖွဲ့သည် ပိုးဇာနွယ်ကျေးရွာရှိ ပြည်သူများအား Door to Door ယမန်နေ့က သွားရောက်တွေ့ဆုံ ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျေးရွာအတွင်းနေထိုင်သော ပြည်သူများ၏နေအိမ်များသို့ တစ်အိမ် တက်ဆင်း သွားရောက်ကာ ရွေးကောက်ပွဲတွင်မဲပေးရာ၌ မဲပေးမမှားစေ ရန်နှင့်ရွေးကောက်ပွဲ မဲပေးခြင်းဆိုင်ရာကိစ္စများ စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။