ကနီ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာအုပ်စု ရပ်/ကျေးပါတီ ဥက္ကဋ္ဌ ဦးမှဲ့ခင်နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။
ကနီ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာအုပ်စု ရပ်/ကျေးပါတီ ဥက္ကဋ္ဌ ဦးမှဲ့ခင်နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။
စလင်း ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ပါတီကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁၁ နာရီက စလင်းမြို့ မြင် တင် ရပ်ကွက်ရှိ ချမ်းမြေ့ဆည်းဆာ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အသုံးအဆောင်ပစ္စည်းနှင့် အလှူ ငွေများ လှူဒါန်းခဲ့သည်။
ကလေး ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ဦး(ခ)အောင်မေတ္တာ ရပ်ကွက် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်အတူ လိုက်ပါလာသော တိုင်းအမျိုးသမီးရေးရာကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေသည် ယမန်နေ့ ညနေ ၄ နာရီက ဇင်းကလင်ကျေးရွာမှ တိုင်းဓမ္မစကြာပြိုင်ပွဲသို့ တက်ရောက်လာသော အမျိုးသမီးအဖွဲ့များနှင့်ရင်းနှီး ခင်မင်စွာတွေ့ ဆုံနှုတ်ဆက်၍ အောင်မေတ္တာရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဝင် အမျိုး သမီးရေးရာအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အမျိုးသမီများဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံမှုရှိစေရေးတို့ကို လက်တွဲလုပ်ဆောင်ကြရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ကာ တွေ့ဆုံခဲ့ကြောင်း သိ ရသည်။
14 February 2019
ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဆိုင်း ဘုတ်တင်အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကညင်ကောက်ကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။
ကောလင်း ဖေဖော်ဝါရီ ၁၄
ကောလင်းမြို့နယ် လာကာအုပ်စု ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးစိုးအေးနေအိမ်တွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။
ယင်းဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး ၊ မြို့နယ်အမှု ဆောင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ လူငယ်ရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
ဝိုင်းမော် ဖေဖော်ဝါရီ ၁၃
ယမန်နေ့ (၁၃.၂.၂၀၁၉)ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ဝိုင်းမော်ပြည်ခိုင်ဖြိုးပါတီ၏ လစဉ် ရပ်/ကျေးတွေ့ဆုံပွဲ အခမ်းအနားကို ဝိုင်းမော်မြို့နယ် ပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး၊ အခမ်းအနားသို့ မြစ်ကြီးနားခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းဖေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်အောင်နှင့်ကော်မတီဝင်များ၊ ရပ်\ကျေး ဥက္ကဌနှင့်ကော်မတီဝင်များ စုစုပေါင်း အင်အား(၄၅)ဦးတက်ရောက်ခဲ့သည်။
ပူတာအို ဖေဖော်ဝါရီ ၁၃
ယမန်နေ့ (၁၃.၂.၂၀၁၉) ရက်နေ့ နံနက် ၁၀၃၀နာရီ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပူတာအိုမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပူတာအို ခရိုင်\မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခဲ့သည်။
ကလေးဝ၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မြို့သို့ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်း တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ကော်မတီဝင် ငါးဦးပါ အဖွဲ့သည် ယနေ့ နံနက် ၉ နာရီတွင် ကလေးဝမြို့နယ် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ တွေ့ဆုံခဲ့သည်။
13 February 2019
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီး မှူးကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် အမျိုးသမီးထုတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က အဖွင့် အမှာစကားပြောကြားခဲ့သည်။
13 February 2019
တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု ညောင်ပင်ကွင်း အနောက်ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းဝင်း အတွင်းကျင်းပသည့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ည ၈ နာရီက သွားရောက်၍ ဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။