ကျုံပျော် ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ကျုံပျော်မြို့နယ်တွင်နိုင်ငံရေး စီမံခန့်ခွဲမှုနှင့်ဥပဒေရေးရာသင်တန်း အား ကျုံပျော်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဖျာပုံ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်း မောင်၊ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးမြင့်ကြိုင်တို့က သင် တန်းဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့သည်။
