ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများ န၀မအကြိမ်မြောက် အစည်းအဝေးပြုလုပ်

စက်တင်ဘာ ၆၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်များနှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ န၀မအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ၆-၉-၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြင်ဦးလွင် ပြည်ခိုင်ဖြိုးက ဘုရားနဲ့စာသင်ကျောင်းတွေ ခြင်ဆေးဖြန်း သန့်ရှင်းရေးလုပ်ကုသိုလ်ယူ

ပြင်ဦးလွင် စက်တင်ဘာ ၅

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင် ဘုရားကြီးနှင့် သမိုင်းဝင်ဦးခန္တီမဟာမုနိဘုရားကြီးတို့တွင် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို ကုသိုလ်ယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဟိန်းမင်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးဝင်းဇော်နှင့် ကော်မတီဝင်များ၊ မြို့နယ်လူငယ်ဥက္ကဌနှင့်ကော်မတီဝင်များစုပေါင်း၍  ရက်ကွက်ကြီး(၁)အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်း၊ ရက်ကွက်ကြီး(၂)အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း(ဒေါ်အမာ)တို့တွင် ခြင်ဆေးဖြန်း ခြင်း သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

မိုးမိတ် ဩဂုတ် ၅

ယနေ့ညနေ၅နာရီ မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် သည် မြို့နယ်ဥက္ကဋ္ဌ ဦးကျော်စိန်၊ ဘဏ္ဍာရေးမှူးဦးစိုးမြင့်ဦး ကော်မတီဝင် ဦးကျော်ထွန်းနိုင် တို့နှင့်အတူ လက်ခုတ်တန်းရပ်ကွက်ရှိ မိမိပါတီဝင်များနှင့် တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။

 


ဗဟိုအလုပ်အမှုဆောင် ဦးလင်းဇော်ထွန်း ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလင်းဇော်ထွန်း သည် ၄_၉_၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  တာချီလိတ်ခရိုင်နှင့်မြို့နယ် ကော်မတီဝင်များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့  ပါတီဗဟိုအလုပ်အမှုဆောင် ဦးလင်းဇော်ထွန်းဦးဆောင်၍ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးစတီဗင်၊ ဦးစိုင်းညွန့်ဝင်း တာချီလိတ်ခရိုင်နှင့်မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


စစ်ဘေးရှောင်ပြည်သူများအားသွားရောက် ထောက်ပံ့လှူဒါန်း

နောင်ချို ဩဂုတ် ၃၁

(၃၁.၈.၂၀၂၂)ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီနှင့် ကျောက်မဲခရိုင်ပါတီတို့ ဦးဆောင်၍  နောင်ချိုမြို့နယ် ဟိုခို /ဒိုးပင် /ကုလားကွဲ ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒေသခံပြည်သူ(၈၀၀)ဦး အတွက် စုစုပေါင်း(၁၂၅၀၀၀၀)ဆယ့်နှစ်သိန်းငါးသောင်းကျပ် တန်ဖိုးရှိ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့်ဗူး၊ အာလူးသီး၊ ဆေးမျိုးစုံ တို့အား ပြည်နယ် ကော်မတီဝင် ဦးခင်မောင်ချို၊ ကျောက်မဲခရိုင် ပါတီ ဥက္ကဌ ဦးသန်းထိုက်ဇော်နှင့်  ကော်မတီဝင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်အောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးဖွင့်ပွဲ၊ ခရိုင်ပါတီဥက္ကဌနှင့် ကော်မတီဝင်များရွေးချယ်ပွဲ၊ မြို့နယ်ပါတီကော်မတီ အစားထိုးခန့်အပ်ပွဲ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ပါတီရုံးတွင် ကျင်းပ

မြန်အောင် သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးဖွင့်ပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်း၊ တိုင်းဘဏ္ဏာရေးမှူး ဦးလှခိုင်၊ တိုင်းပါတီကော်မတီဝင်၊ မြန်အောင်ခရိုင် တာဝန်ခံ ဦးကျော်ဝင်းနိုင်၊ တိုင်းပါတီကော်မတီဝင် ဦးသန်းထွန်းနှင့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ ပါတီဥက္ကဌများနှင့် တာဝန်ရှိသူများက  တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။

ရေကြီးရေလျှံမှုကြောင့် ရေးဘေးသင့်ပြည်သူများအား သွားရောက်အားပေးစကားပြောကြားပြီး ကူညီထောက်ပံ့ ငွေများပေးအပ်

လားရှိုး ဩဂုတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ် ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးအုန်းငွေနှင့် မြို့နယ်ကော်မတီဝင်များသည် ရေးကြီးရေလျှံမှုကြောင့် ရေးဘေးသင့်ခဲ့ရသော လားရှိးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)မှ ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးစကား​ပြောကြားပြီး ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

 

ဆန် (၄၈)တင်း သွားရောက်လှူဒါန်း

ငပုတော ဩဂုတ် ၂၉

ငပုတောမြို့နယ် စပါးကြီးအုပ်စုရှိ ပြည်ခိုင်ဖြိုးပါတီဝင်များမှ ငရုတ်ကောင်းမြို့၊ ကွင်းဘက်အုပ်စု  သဲချောင်းကျေးရွာရှိ စားဝတ်နေရေးခက်ခဲနေသော ပြည်သူများအတွက် ဆန်(၄၈)တင်း ကို စုပေါင်း လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။


ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီက ဘိလပ်မြေအိပ်များလှူဒါန်း

ဩဂုတ် – ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဟိန်းမင်းဦး ပြင်ဦးလွင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ပါတီကော်မတီအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်  ရပ်ကွက်ကြီး(၁၆) ၊ ကံကြီးကုန်းအုပ်စု စည်သာကျေးရွာ၊ ပန်းဦးတောင်အုပ်စု ဆင်ဖြူအင်းကျေးရွာအတွက် လမ်းခင်းရာမှာ အသုံးပြုရန် ဘိလပ်မြေအိတ်များ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

မိုးမိတ် ဩဂုတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် မြို့နယ်ပါတီဥက္ကဋ္ဌဦးကျာ်စိန်ဘဏ္ဍာရေးမှူး ဦးစိုးမြင့်ဦး၊ ကော်မတီဝင်ဦးတူးတို့သည် မိုးမိတ်မြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ မိမိပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပါသည်။