
ဇက်ကြောတက်ခြင်းအကြောင်း သိကောင်းစရာ
====================
အကြောတက်ရောဂါအမျိုးမျိုးတွင် ဇက်ကြောတက်ခြင်း၊ နောက်ကြောတက်ခြင်း၊ ခြေသလုံးနှင့် ပေါင်ကြောများတက်ခြင်း၊ ကြွက်တက်ခြင်း စသည်ဖြင့် အမျိုးပေါင်းများစွာရှိသည်။ ဤအကြော တက်ခြင်း အမျိုးမျိုးသည် လူ၏ ခန္ဓာဗေဒအရ တည် ဆောက်ထားသော အရိုးများလှုပ်ရှားမှုကို တွယ်ဆက်ထောက်ကန် ပေးထားသော ကြွက်ကြော အာရုံကြော ဆိုင်းကြော၊ ခုကြော(အရွတ်ကြော)၊ အမြှေး၊ အရွတ်ခုတုံးများတွင် ရောင်ခြင်း၊ ပါးခြင်း၊ ပွန်းစားခြင်း၊ တင်းခြင်း၊ လျော့ခြင်း၊ အားနည်းခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ရလေသည်။









