
ရောဂါပိုးမွှားတွေနဲ့ ဖုံထူတဲ့ပတ်ဝန်းကျင်မှာ နေရတဲ့အတွက် ကျွန်တော်တို့ရဲ့ အိတ်ထဲမှာ အမြဲတမ်း ဆောင်ထားဖြစ်တာက လက်သန့်ဆေးရည်ပါပဲ။ ညစ်ပတ်တဲ့အရာတစ်ခုခုကိုင်လိုက်လို့ လက်ကို ရေ၊ ဆပ်ပြာတွေနဲ့ သန့်စင်တဲ့ ကျွန်တော်တို့ရဲ့ အလေ့အကျင့်က ပြောင်းသွားပါပြီ။ အခုဆိုရင် အဲဒီအစား လက်သန့်ဆေးရည်ကို အသုံးပြုလာကြပါတယ်။ ကျွန်တော်တို့တွေကို လက်ကနေတဆင့် ရောဂါပိုးမွှားမကူးစက်အောင်၊ ဖျားနာမှုတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်အများစုက လူတိုင်းရဲ့အသားရေနဲ့ မကိုက်တဲ့ အယ်လ်ကိုဟောပါဝင်ကြပါတယ်။ ဒါကြောင့် အသားရေနဲ့ ဓာတ်မတည့်မှုတွေမဖြစ်အောင် အကုန်အကျလည်း သိပ်မများတဲ့ လက်သန့်ဆေးရည်ကို အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်လို့ရပါတယ်။ စာဖတ်ပရိသတ်တွေလည်း အိမ်မှာ ကိုယ်တိုင်လုပ်လို့ရအောင် လက်သန့်ဆေးရည်လုပ်နည်းလေးကို မျှဝေပေးလိုက်ရပါတယ်။









