လေဖြတ်ခြင်းကိုကာကွယ်ဖို့  ငှက်ပျောသီး စားကြပါစို့ ….

ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။ သွေဖိအား မြင့်မားတာ (သွေးတိုးတာ) ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီးများများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

 

(more…)


ဝက်သက်ရောဂါနဲ့ပတ်သက်ပြီး သင်သိသင့်တဲ့ အချက် (၆) ချက်

ဝက်သက်နဲ့ပတ်သက်လို့ သိသင့်တဲ့အချက် (၆) ချက်ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်-

(၁) ၀က်သက်ရဲ့ လက္ခဏာ။ အစပိုင်းမှာ အဖျားက ပြင်းထန်ပါတယ်။ ကလေးကမှိန်းလည်းမှိန်းပါတယ်။ နှာရည်ယို မျက်ရည်ကျပြီး မျက်လုံးတွေ နီပါတယ်။ ဖျားပြီးလေး၊ ငါးရက်ကြာမှ နဖူးဆံစကစပြီး အနီကွက်တွေထွက်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့် သွားကာ ပြန့်တဲ့အချိန်မှာလည်း အဖျားက မကျသေးဘူး။  ပါးစပ်အာခေါင်မှာ အဖြူ စက်လေးတွေ ထွက်ပါတယ်။

 

(more…)


ဝမ်းနည်းအားငယ်နေချိန်မှာ စားသင့်တဲ့အရာ (၅) မျိုး

ဘ၀မှာ ပျော်စရာတွေနဲ့ ကြုံလာတော့ ပျော်လိုက်ရသလို စိတ်ညစ်စရာတွေနဲ့ကြုံလာရင်းလည်း ဝမ်းနည်းအားငယ် ရတာပါပဲ။ ဒီလိုမျိုး ဝမ်းနည်းအားငယ်ချိန်တွေဟာ သိပ်ကို အထီးကျန်ဆန်လွန်းပါတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ ချင်၊ ဘာမှမလုပ်ချင်ဘဲ အိပ်ရာထဲမှာ ခွေရုံခွေနေချင်တဲ့ အချိန်တွေပါ။ အဲ့ဒီလိုကြီး ခွေခေါက်မနေပါနဲ့။ ဝမ်းနည်း အားငယ်မှုတွေကို အစားနဲ့တိုက်ထုတ်ပြီး လန်းလန်းဆန်းဆန်း ဖြတ်သန်းလိုက်ပါ။

 

(more…)


ငါးကြီးဆီ၏ ကောင်းကျိုးများ

ငါးကြီးဆီဟာ အစားအသောက် စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetideကို မြင့်မားစေပါတယ်။ အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥ တွေကို များလာ စေတယ် ။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံအားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာ သန်စွမ်းလို့ အာဟာရ ဓါတ်တွေ ပြည့်ဝစေမှာ ဖြစ်ပါတယ်။

(more…)


ညအိပ်ခါနီး သစ်သီးတွေကို မစားဘဲ ဖျော်သောက်ပါ

ဟင်းသီးဟင်းရွကတွေနဲ့ သစ်သီးတွေ စားတာက အသားတွေ စားတာထက် ပိုပြီးကျန်းမာစေပါတယ်။ အသီးအနှံတွေက ဗီတာမင်ဓာတ်အရမ်းကြွယ်ဝတာမို့ အသားအရေကို စိုပြည်စေပါတယ်။

 

(more…)


မနက်စာအတွက် ငှက်ပျောလိမ္မော် Smoothie

အချိန် ၂ မိနစ်အတွင်း ပြုလုပ်နိုင်မှာဖြစ်ပြီး ကျန်းမာရေးနဲ့လည်း သင့်လျော်တဲ့ မနက်စာဖြစ်ပါတယ်။ ကျန်းမာရေး ပညာရှင်တိုင်းက မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးဖို့ တိုက်တွန်း ကြပါတယ်။ အာဟာရရှိတဲ့ မနက်စာက တစ်နေ့တာလုပ်ငန်းတွေကို ခွန်အားရှိစွာ လုပ်ကိုင်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ဝိတ် လျှော့လိုသူတွေနဲ့ မနက်စာချက်ပြုတ်ဖို့ အချိန်မရသူတွေအတွက် ကျန်းမာပြီး အာဟာရရှိတဲ့ သစ်သီးဖျော်ရည် တစ်ခွက်က မနက်စာအာဟာရကို တာဝန်ယူပေးပါလိမ့်မယ်။ ငှက်ပျောသီးနဲ့လိမ္မော် ပေါင်းစပ်ထားတဲ့ Smoothie က ပြုလုပ်ရလွယ်ပြီး အရသာလည်းရှိ၊ အဟာရလည်း ရှိပါတယ်။

 

(more…)


အချိန်တိုအတွင်း ၀ိတ်အမြန်ချခြင်းက ကျန်းမာရေးအပေါ် ထိခိုက်မှုရှိ

Slow and Study Wins the race  ဆိုတဲ့စကားအတိုင်း ဖြေးဖြေးနှင့်မှန်မှန်ပြုလုပ်ခြင်းက အောင်မြင်မှုကို ရရှိစေ ပါတယ်။ ၀ိတ်လျော့တဲ့နေရာမှာလည်း ဒီလိုပါပဲ။ ကျန်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ရန် လေ့ကျင့်ခန်း ပြုလုပ် ခြင်း၊ အစားအသောက်ဖြင့် ထိန်းချုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ သို့သော် လူအများစုသည် မြန်မြန်ဝိတ်ကျလို သဖြင့် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း၊ ကယ်လိုရီနည်းပါးသော အစားအစာများကိုသာ ရွေးချယ်စားသုံးခြင်း တို့ကို ပြုလုပ်လာကြပါတယ်။

 

(more…)


ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါနှင့် ကာကွယ်နည်း

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူများ ဖြစ်နိုင်ချေ ရှိတဲ့ ရောဂါများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

၁။ Decreasing eyesight။ ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင်အာရုံ ကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက် နေမှုကြောင့် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

 

(more…)


ကလေးငယ်တွေမှာ သေဆုံးတဲ့အထိ ဖြစ်စေနိုင်တဲ့ အသီးအနှံနဲ့ အစားအစာအတွဲများ

အသီးအနှံတွေက ခန္ဓာကိုယ်အတွက် အရမ်းကောင်းတယ်လို့ သိထားကြပေမဲ့ တချို့အစားအစာတွေနဲ့ တွဲစာ မိတဲ့ အခါ အန္တရာယ်ဖြစ်စေနိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ သူတို့မှာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေရှိနေပေမဲ့ အခု ပြောပြမယ့်အစားအစာတွေက တစ်ပြိုင်တည်းတွဲစားမယ်ဆိုရင် လူကြီးတွေဆိုရင် နေထိုင်မကောင်းဖြစ်စေရုံပေမဲ့ ကလေးငယ်တွေမှာသေဆုံးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိထားဖို့ ဖော်ပြလိုပါတယ်။

 

(more…)


နားထဲရေဝင် ဘာဆက်လုပ်မလဲ

(၁)    ရေဝင်တဲ့ဖက်ကို ခေါင်းစောင်းထားပါ။ ပြီးရင်ဖြစိတဲ့ နားကို လက်ဖဝါးနဲ့ တင်းကြပ်နေအောင်ဖိပြီး လေ ဟာနယ်ဖြစ်အောင် လုပ်ပါ။ ၅ စက္ကန့်ထားပြီး ချက်ချင်းပြန်လွှတ်လိုက်ပါ။ ရေမထွက်မချင်း လုပ်ပေးနိုင် တယ်။

(more…)