
ကွန်ပျူတာအသုံးများရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာများ
=========================
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ထဲမှာ ကွန်ပျူတာကို လူကြီး၊ လူငယ်၊ နေရာဒေသမရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ကွန်ပျူတာဟာ အလုပ်တွေ လျင်မြန်စွာ ပြီးနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကျောင်း၊ လုပ်ငန်းခွင်တွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။









