ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ နဂါးမောက်သီးရဲ့ အကျိုးကျေးဇူးများ

နဂါးမောက်သီးကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားအသီးတစ်မျိုးပါပဲ။ ချိုပြီး အရသာရှိ လို့လည်း လူကြိုက်များတယ်။ နဂါးမောက်သီးရဲ့အကျိုးကျေးဇူးများ-

ကင်ဆာ

နဂါးမောက်သီးမှာ အဟာရဓါတ်တွေအများအပြားပါဝင်ပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့အသီးအဖြစ်လည်း လူသိများပါတယ်။ ချိုပြီး အရည်ရွှမ်းတဲ့ နဂါးမောက်သီး ဟာ ကယ်လိုလီပါဝင်မှုနည်းပါးပြီး ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အဟာရဓါတ်တွေပါဝင်နေပါတယ်။

ကိုယ်အလေးချိန်

ဆဲလ်မွန်ငါး (Salmon) ဘာလို့ စားသင့်သလဲ

သင့်မှာ ခဏခဏ ခေါင်းကိုင်တာ၊ ကိုယ်အလေးချိန်တက်တာ၊ ဆံပင်ကျွတ်တာနဲ့ အရေပြားဆိုင်ရာ တခြား ပြဿနာ တွေရှိနေရင် သင့်အနေနဲ့ လျစ်လျူမရှု့သင့်ပါဘူး။ ပေါက်ပေါက်စုပ်တွေကို စားမယ့်အစား ဆဲလ်မွန် ငါးကို အစားထိုး စားသုံးဖို့ အကြံပြုချင်ပါတယ်။ ဆဲလ်မွန်ငါးဟာ ကျန်းမာရေးစေတဲ့ အာဟာရ ဓာတ်တွေ အများကြီးပါဝင်နေတဲ့ အစားအစာဖြစ်ပါတယ်။

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ သင်္ဘောသီးမှည့်ဟာဆိုလျှင် ချိုသော အရသာရှိပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။  သင်္ဘောသီးမှည့်ကိုစားလျှင် ရရှိနိုင်သောအကျိုးကျေးဇူးတွေကတော့ –

(၁) အသားအရေကို လှပါစေပါတယ်။

(၂) ကိုယ်လေးချိန်ကို လျော့ချပေးနိုင်ပါတယ်။

(၃) ဝက်ခြံများကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၄) ဝမ်းကို ပျော့စေပါတယ်။

မျက်နှာအဆီပြန်သူ တို့အတွက် အုန်းရည် !

မျက်နှာပြင်မှ အဆီပြန်၊ ချွေးထွက်လို့ စိတ်ပျက်နေသူတို့ အတွက်ပါ။ ဒါတွေကြောင့်မို့လို့ ဝင်းလက်တောက်ပတဲ့ မျက်နှာပြင် အလှတွေပျက်နေတယ်လို့ သင်ထင်ပါသလား။ မျက်နှာပြင်အဆီပြန်တာကို ဇျေးကြီးတဲ့ အလှပြင် ပစ္စည်းတွေကို တကူတက ရှာဖွေဝယ်ယူနေစရာမလိုပဲ လတ်ဆတ်တဲ့ အုန်းရည်ကို အသုံးပြု ဖြေရှင်းနိုင်ပါ တယ်။

ပဲပင်ပေါက် စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး (၅)မျိုးရနိုင်

ပဲပင်ပေါက် ကိုလူတိုင်းနှစ်သက်ကြပါတယ်။ ပဲပင်ပေါက်ကို အာရှနိုင်ငံတော်တော်များများက ဟင်းလျာများမှာ ထည့်သွင်းစားသုံးကြပါတယ်။ ပဲပင်ပေါက်ကို စားသုံးခြင်းက ကျန်းမာရေးအကျိုးကျေးဇူး အများအပြား ရရှိစေပါတယ်။ မျက်စိကျန်းမာရေး၊အရိုးကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားစနစ်တို့ကို ကောင်းစေပါတယ်။ ပဲပင်ပေါက်၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ-

၁။ စိတ်ဖိစီးမှုကို လျော့ချပေး

စပျစ်သီးဖျော်ရည်၏ ကျန်းမာရေး စွမ်းပကား

စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

ရေထက်ပိုပြီး အကျိုးရှိတဲ့ အသီးဖျော်ရည်များ

 

ရေက လူတွေအတွက် အကျိုးရှိတယ်ဆို အားလုံးသိပြီးသားပါ။ ကမ္ဘာကြီးကို ရေနဲ့ ဖွဲ့စည်းထားသလို ကျွန်ုပ်တို့ ခန္ဓာကိုယ်တွေကလည်း ရေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့်ရေထက်ပိုပြီး အကျိုးရှိတဲ့ အသီးဖျော်ရည် များလည်း ရှိပါတယ်။

အုန်းရေ       

အုန်းရေမှာ ပိုတက်ဆီယမ်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အဲ့ဒီအပြင် ရေဓာတ်ပြည့်ဝအောင် ကူညီပေး နိုင်တဲ့ သတ္တုဓာတ်တွေအများကြီးလည်းပါဝင်ပါတယ်။

သွေးတိုးတဲ့အချိန် မြန်မြန်ကျအောင် လုပ်နိုင်တဲ့ အလွယ်နည်းလမ်းများ

ရုတ်တရက် သွေးတိုးနေတဲ့အခါမျိုးမှာ ခေါင်းမူးခြင်း ၊မျက်နှာအစ်မို့ခြင်း ၊ ဇက်ကြောထိုးခြင်းများ ခံစားရပါတယ် ။ သွေးပေါင်ချိန် အများကြီးတက်နေတာဟာ အသက်အန္တရာယ် ပေးနိုင်တဲ့အထိကို အန္တရာယ်ရှိပါတယ် ။ ဒီလို မိမိကိုယ်ကို သွေးတိုးသည်ဟု သိသည်နှင့်တပြိုင်နက် ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့ လိုပါတယ် ။ အဲ့ဒိအတွက် ဆေးသောက်စရာမလိုဘဲ ကိုယ့်ရဲ့ အိမ်မှာရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ပြုလုပ်လို့ရပါတယ် ။

အုန်းသီးရည်ကို နှစ်ပတ်ကျော်သောက်ပြီးနောက် သင့်ခန္ဓာကိုယ်အတွက် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

(၁) ခန္ဓာကိုယ်အတွက် ရေဓာတ်ကောင်းစွာရရှိမည်။ အုန်းသီးရည်မှာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓါတ်ကို ရရှိစေပါတယ်။ အားကစားသမားများ အားကစားလုပ်ပြီးချိန်တွင် သောက်ရန်အတွက် အထူး သင့်တော်ပါတယ်။

(၂) ကိုယ်အလေးချိန်လျော့ချပေးသည်။ ကိုယ်အလေးချိန် လျော့ချပေးရန်အတွက် အုန်းသီးရည်ကို သောက်ပေးနိုင်ပါတယ်။ အုန်းသီးရည် သောက်ပေးခြင်းသည် အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။

ဝမ်းချုပ်တာတွေ ပျောက်ကင်းဖို့အတွက် နာနတ်သီး

ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီလေ့မရှိပါဘူး။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုနည်းရင် ၀မ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။ ၀မ်းပုံမှန်ကောင်းစေချင်ရင် နာနတ်သီးကို တစ်ပတ်မှာ ၃၊၄ ကြိမ်လောက် စားပေးသင့်ပါတယ်။