
အမေရိကန်နိုင်ငံသား စတန်းလာကင်ဟာ cardiomyopathy ဆိုတဲ့ မွေးရာပါ နှလုံးရောဂါ ခံစားခဲ့ရသူပါ။ နှလုံးကြွက်သား ကြီးထွားလာပြီး သွေးလည်ပတ်အောင် မလုပ်ပေးနိုင်တော့တဲ့ အခြေအနေကြောင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ နှလုံးကို ခွဲစိတ်ဖယ်ရှားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အလေးချိန် ၁၃ ပေါင်ရှိတဲ့ နှလုံးစက်ကို ကျောပိုးအိတ်ထဲ ထည့်ပြီး သူ သွားလေရာ ယူသွားခဲ့ရတာပါ။










