

သင့်အနီးနားက တစ်စုံတစ်ယောက်ရဲ့ရေမွေးအနံ့ရတဲ့အခါ နှာချေနေမိပြီလား။ ဒါမှမဟုတ် ဖုန်မှုန့်တွေကြောင့် နှာမွန်းသလိုခံစားနေမိပြီလား။ အဲဒီလိုပြဿနာမျိုး နေ့စဉ် ကြုံတွေ့နေရရင်တော့ သင့်ရဲ့ဓာတ်မတည့်ခြင်း အကြောင်းကို သေချာသိဖို့နဲ့ ကုသနိုင်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ လိုလာပါပြီ။ ဓာတ်မတည့်ခြင်းကို ကုသဖို့ဆိုတာ သင် ဖြစ်နေတဲ့ လက္ခဏာရပ်တွေ ပြင်းထန်မှု၊ မပြင်းထန်မှု ပေါ်မှာ မူတည်နေပါတယ်။ ဓာတ်မတည့်ခြင်း အမျိုးအစားအားလုံးအတွက် မတူညီတဲ့ကုသမှုတွေရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့မီးဖိုချောင်ကနေ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတစ်မျိုးနဲ့ သင့်ရဲ့ဓာတ်မတည့်ခြင်းတွေကို ကုသပေးလို့ရပါတယ်။ အဲဒီပစ္စည်းကတော့ နနွင်းမှုန့်ဖြစ်ပြီး အဲဒီအမှုန့်ကို အသုံးပြုပြီး ဓာတ်မတည့်ခြင်းတွေကို ဖယ်ရှားဖို့ နည်းလမ်းတွေရှိပါတယ်။









