
ရာသီဥတုအပြောင်းအလဲကြောင့်၊ လေထုညစ်ညမ်းမှုကြောင့်၊ ကျွန်တော်တို့ စားလိုက်တဲ့အစားအစာတွေကြောင့် လည်ချောင်းပိုးဝင်တာ၊ လည်ချောင်းယားတာ၊နှာခေါင်းယားတာတွေခံစားကြရပါတယ်။ လည်ချောင်းယားပြီး နာကျင်တာကို လူတော်တော်များများခံစားကြရပြီး လူကိုခံရခက်စေပါတယ်။ ကျွန်တော်တို့တွေ လည်ချောင်း နာတဲ့အခါ ဆေးဝယ်သောက်တာက လည်ချောင်းနာတဲ့လက္ခဏာရပ်တွေကို ပြေလျော့စေနိုင်ပေမဲ့ ချက်ချင်း ပျောက်ကင်းမသွားပါဘူး။









