
တရုတ်အစိုးရက ပြည်ပမှ ဝင်ရောက်လာသူများအတွက် ကွာရန်တင်းဝင်ရမည့် စည်းကမ်းချက်များကို အဆုံးသတ် သွား မည်ဟု ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်မှစပြီး တရုတ်ပြည်မကြီးမှ ဝင်ရောက်လာသည့် ခရီးသွားများကို COVID-19 စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ပြောကြားခဲ့သည်။ ဂျပန်သည် မကြာသေးမီလများအတွင်းက ခရီးသွားများအတွက် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ ပေးခဲ့ပြီး ယခုလုပ်ဆောင်မှုအရ ကိုဗစ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများပြနေသူများထက် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသွားများကိုသာ ဆိုက်ရောက်ကာလတွင် ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်မည့် သဘော ဖြစ်သည်။ တရုတ်တွင် ရောဂါကူးစက်မှုများ လျင်မြန်စွာ ပျံ့နှံ့နေသည်ဆိုသည့် သတင်းအချက်အလက်ကြောင့် ယခုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟု ကီရှီဒါက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။






