
Amazon တည်ထောင်သူ ဂျက်ဖ် ဘေးဇို့စ်ဟာ ပေါင် ၁၀၇ ဘီလျံရှိတဲ့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းပေးဝေဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ဘေးဇို့စ်က ဒီအစီအစဉ်ကို အင်တာဗျူးတစ်ခုမှာ ကြေညာသွားခဲ့တာပါ။ သူ့ရဲ့ငွေကြေးအမြောက်အများကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းချင်တယ်လို့ သူက ပြောပါတယ်။









