
အင်္ဂါနေ့က နာရီပိုင်းသာခြားတဲ့ မိန့်ခွန်းနှစ်ရပ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် က အမေရိကန်နဲ့ ချုပ်ဆိုထားပြီး နောက်ဆုံးကျန်ရှိတဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီချက်ကို ဆိုင်းငံ့လိုက်ကြောင်း ပြောကြားခဲ့ပြီးနောက်မှာပဲ ပိုလန်နိုင်ငံ ဝါဆောမြို့မှာရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က ယူကရိန်းကို အနောက်တိုင်းရဲ့ ထောက်ပံ့ကူညီမှုတွေ ယိမ်းယိုင်သွားမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။







