
တရုတ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာစဉ် ရောဂါကူးစက်မှုအများဆုံး ဒေသအချို့မှ ဒေသခံများအား နေအိမ်၌သာ နေထိုင်ရန် အာဏာပိုင်များက ညွှန်ကြားခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် မြို့တော် ပေကျင်းရှိ ခရိုင်အချို့၌ စာသင်ကျောင်းများကို ပိတ်ထားပြီး အွန်လိုင်းမှသာ သင်ကြားစေခဲ့သည်ဟု သိရ သည်။ တရုတ်အာဏာပိုင်များသည် နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ကျင့်ကျိုးမြို့မှသည် နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းနေရသည်။ နိုဝင်ဘာ ၂၀ ရက်က တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူအသစ် ၂၆၈၂၄ ဦး တွေ့ရှိခဲ့ကာ ဧပြီလထဲတွင် ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် အရေအတွက်နှင့်လည်း နီးကပ်လာခဲ့သည်။









