ပါကစ္စတန်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ကြုံနေရပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူသားချင်း စာနာမှုကူညီရေးအဖွဲ့တွေက တုန့်ပြန်လုပ်ဆောင်နေပါတယ်။ ဒီရေကြီးမှုကြောင့် လူပေါင်း ၃၃ သန်းလောက် အတိဒုက္ခ ရောက်နေပြီး လွန်ခဲ့တဲ့ ၂ လအတွင်း လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ ပါကစ္စတန် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Sherry Rehman ကတနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် အနည်းဆုံးလုပ်ခလစာကို ထိုင်းနိုင်ငံမြှင့်တင်
ထိုင်းနိုင်ငံသည် နှစ်နှစ်ကျော်ကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်သမားများ၏ နေ့စဉ် အနည်းဆုံး လုပ်ခကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လူနေမှုစရိတ်မြင့်တက်နေမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကပ်ဘေး၏ စီးပွားရေးအကျိုးသက်ရောက်မှုများမှ အလုပ်သမားများ ခုသာခံသာရှိရေးအတွက် နေ့စဉ်အနည်းဆုံးလုပ်ခကို မြှင့်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တောင်ကိုရီးယားနဲ့ ပိုလန်က ကန်ဒေါ်လာ ၆ ဘီလီယံ နီးပါး လက်နက်ရောင်းဝယ်ရေး စာချုပ်ချုပ်
ရုရှားနဲ့ တင်းမာမှုတွေရှိနေချိန်မှာ လက်နက်တင်သွင်းတာတွေ တိုးမြှင့်ဖို့ ဝါဆော က သဘောတူညီခဲ့ပြီးနောက်မှာ တင့်ကားနဲ့ ဟောင်ဝစ်ဇာ အမြှောက်တွေ တင်ပို့ဖို့ ကန်ဒေါ်လာ ၅ ဒသမ ၇၆ သန်းတန်ဖိုးရှိတဲ့ စာချုပ်တစ်ရပ်ကို တောင်ကိုရီးယားကုမ္ပဏီနှစ်ခုက ပိုလန်နဲ့စာချုပ်ချုပ်လိုက်ပါတယ်။
ပိုလန်နိုင်ငံမှာ လက်မှတ်ထိုးခဲ့တဲ့စာချုပ်က တောင်ကိုရီးယားရဲ့ အကြီးဆုံးလက်နက်ရောင်းဝယ်ရေး သဘောတူညီမှု တစ်ရပ်ဖြစ်ပြီး ပိုလန်ကလည်း အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ သူတို့ စစ်ဖက်ကို တောင့်တင်းအောင်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ပါကစ္စတန်တွင် မုတ်သုံရာသီ ရေကြီးမှုကြောင့် သေဆုံးသူ တစ်ထောင်ကျော် အထိ ရှိလာ
ပါကစ္စတန်နိုင်ငံတွင် ဇွန်လမှစတင်ခဲ့သော မုတ်သုံရာသီ ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သော လူဦးရေသည် ၁,၀၃၃ အထိရှိလာပြီဖြစ်ကြောင်း နိုင်င်ငံတော် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA)က သြဂုတ် ၂၈ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သော ၂၄ နာရီအတွင်း လူပေါင်း ၁၁၉ ဦး သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
ဝန်ကြီးချုပ်ပရာယုကို တာဝန်မှ ယာယီအနားပေးရန် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး ဆုံးဖြတ်
ဝန်ကြီးချုပ် ပရာယုချန်အိုချာကို ဝန်ကြီးချုပ်တာဝန်များ ထမ်းဆောင်မှုမှ ယာယီအနားပေးထားရန် ထိုင်းနိုင်ငံ ဖွဲ့စည်း ပုံအခြေခံဥပဒေ တရားရုံးက ဩဂုတ် ၂၄ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပရာယုချန်အိုချာ၏ ဝန်ကြီးချုပ်ရာထူး သက်တမ်းရှစ်နှစ် ကန့်သတ်ချက်နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရေး အတွက် အတိုက်အခံ ပွေထိုင်းပါတီ၏ လျှောက်လဲချက်ကို လက်ခံကြားနာရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ်ပရာယုချန်အိုချာကို တာဝန်မှ ယာယီအနားပေးခဲ့ခြင်း ဖြစ်သည်။
ရပ်နားထားသည့် နျူကလီးယားစက်ရုံများ ဂျပန်ပြန်လည်ပတ်မည်
ဂျပန်နိုင်ငံဟာ ရပ်နားထားတဲ့ နျူကလီးယားစက်ရုံတွေကို ပြန်စတင်လည်ပတ်မှာဖြစ်ပြီး မျိုးဆက်သစ် ဓာတ်ပေါင်းဖိုတွေ ဖွံ့ဖြိုးလာအောင် လုပ်သွားမယ်လို့ ဂျပန်၀န်ကြီးချုပ် ဖှုမိအို ခိရှိဒါက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။
ဖူကူရှီးမားနျူကလီးယား ကပ်ဘေးဖြစ်ခဲ့အပြီး ဆယ်စုနှစ်တစ်ခုကြာချိန်မှာ နျူကလီးယား စွမ်းအင်ဆိုင်ရာ မူဝါဒအပြောင်းအလဲလို့လည်း ပြောပါတယ်။
အိန္ဒိယ၌ အိုင်ဖုန်း ၁၄ ထုတ်လုပ်သွားရန် အက်ပဲလ် စီစဉ်နေ
အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် အက်ပဲလ်သည် ၎၏ နောက်ဆုံးပေါ်ဖုန်းဖြစ်သည့် အိုင်ဖုန်း ၁၄ ကို တရုတ်နိုင်ငံအစား အိန္ဒိယနိုင်ငံတွင် စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဘလွန်းဘတ် သတင်းဌာနက ဖော်ပြခဲ့သည်။ဝါရှင်တန်နှင့် ရှီကျင့်ဖျင်အစိုးရတို၏ ထိပ်တိုက်တွေ့မှုများ၊ တရုတ်နိုင်ငံတစ်ဝန်း၌ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ္ဆိုမွုမ်ား စသည်တိုကြောင့် အက်ပဲလ်၏ အိုင်ဖုန်း ၁၄ ထုတ်လုပ်မှုကို နှောင့်နှေးစေခဲ့ပြီးနောက် အဆိုပါဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသားများ ယူကရိန်းမြို့တော်မှ ထွက်ခွာကြရန် သံရုံး သတိပေး
ယူကရိန်းစစ်ပွဲ အချိန်ခြောက်လကြာလာချိန် ရုရှားက လာမယ့်ရက်နည်းငယ်အတွင်း မြို့တော်ကိယက်ဗ်ကို တိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်တဲ့အတွက် ယူကရိန်းနိုင်ငံကနေ ထွက်ခွာဖို့ အမေရိကန်အစိုးရက သူ့နိုင်ငံသားတွေကို သြဂုတ်၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ယူကရိန်းအစိုးရဟာ ဩဂုတ် ၂၄ ရက်နေ့မှာ ဆိုဗီယက်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို တားမြစ် ပိတ်ပင်ခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက ခုလို သတိပေးထုတ်ပြန်လိုက်တာပါ။
ပူတင်၏ ဦးနှောက်အဖြစ် တင်စားခံရသူ၏သမီး ကားဗုံးကွဲသေဆုံး
ပူတင်ရဲ့ ဦးနှောက်လို တင်စားခံရတဲ့ ရုရှားရဲ့ ဩဇာကြီး နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဟာ မော်စကို မြိုတော်မှာ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားပါတယ်။ အသက်၂၉နှစ်အရွယ် ဒါရီယန္ဒူဂီနာ ဆိုသူ အဲဒီအမျိုးသမီးဟာ စနေနေ့ညက သူရဲ့ကားကို မောင်းနှင်နေစဉ်မှာပဲ ကားဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို ရုရှားစုံစမ်းစစ်ဆေးရေး ကော်မီတီက ကနဦး သတင်းအချက်အလက်တွေကို ကိုကားပြီး ပြောပါတယ်။
တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ မြန်နှုန်းမြင့်ရထားများ စတင် တင်ပို့
အင်ဒိုနီးရှားနိုင်ငံ ဂ်ကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအတွက် အထူးထုတ်လုပ်ထားသော မြန်နှုန်းမြင့် ခရီးသည်တင် လျှပ်စစ်ရထားနှင့် စစ်ဆေးစမ်းသပ်ရေးရထားသည် ဩဂုတ် ၂၁ ရက် က တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း သိရသည်။အဆိုပါရထားများကို ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်၏ အထင်ကရ စီမံကိန်းတစ်ခုအဖြစ် CRRC Qingdao Sifang Co., Ltd.မွ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်း ဖြစ်သည်။