
တရုတ်၏ ဈေးဝယ်အက်ပ်ပလီကေးရှင်း Pinduoduo တွင် အန္တရာယ်ပြုနိုင်သော ဆော့ဖ်ဝဲထည့်သွင်းထားသည်ကို တွေ့ရှိပြီးနောက် Google က အက်ပ်စတိုးတွင် အဆိုပါအက်ပ်အား ဆိုင်းငံ့ထားလိုက်သည်။
လုံခြုံရေးစိုးရိမ်မှုများကြောင့် Google Play မှ Pinduoduo အက်ပ်ကို ဆိုင်းငံ့ထားကြောင်း Google က မတ်လ ၂၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။








