
ဆော်ဒီအာရေဗျနဲ့ ရေနံရောင်းချသူနိုင်ငံများအသင်း (အိုပက်) အဖွဲ့ဝင် တခြားနိုင်ငံတွေဟာ သူတို့ရဲ့ ရေနံထုတ်လုပ်မှုကို ကိုယ်တိုင်ရဲ့ သဘောဆန္ဒအရ လျှော့ချမယ်လို့ ကြေညာလိုက်ကြပါတယ်။
ဆော်ဒီအစိုးရကတော့ မေလကနေ ၂၀၂၃ နှစ်ကုန်ပိုင်းထိ နေ့စဉ် ရေနံစိမ်းစည် ငါးသိန်း ထုတ်လုပ်မှု လျှော့ချမယ်လို့ အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။









