
ယီမင်နိုင်ငံတွင် ဧပြီလ ၂၀ ရက် ကြာသပတေးနေ့က ပိုက်ဆံ ပေးကမ်းစွန့်ကြဲသော အလှူပွဲတစ်ခုအတွင်း လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူအယောက် ၈၀ ကျော် သေဆုံးကာ ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီအာဏာပိုင်များက ပြောကြားခဲ့သည်။
ရာနှင့်ချီသော လူများသည် ယီမင်မြို့တော် ဆာနာရှိ ကျောင်းတစ်ကျောင်းတွင် ပေးလှူနေသော ယီမင် ရီရယ် ၅၅၀၀ (၈ ဒေါ်လာခန့်) ရှိသော ငွေသားများကို လက်ခံရယူရန်အတွက် စုဝေးခဲ့ကြရာမှ ယခုကဲ့သို့ လူအုပ်ပိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။









