၂၀၂၂ ခုနှစ်တွင် ပဋိပက္ခမျိုးစုံကြုံနေရသောကြောင့် ၂၀၂၃ ခုနှစ်အတွက် အကူအညီရန်ပုံငွေ စံချိန်တင် အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၅ ဘီလျံကို ကုလသမဂ္ဂတောင်းခံ

ယူကရိန်းစစ်ပွဲနှင့် အခြားသောပဋိပက္ခများ၊ ရာသီဥတုအရေးပေါ်အခြေအနေများ၊ တငွေ့ငွေ့လောင်နေဆဲ ကူးစက် ရောဂါ၊ က  နောက်ထပ်ပြည်သူများကို အကျပ်အတည်းထဲသို့လည်းကောင်း၊ ပြည်သူအချို့ကို အငတ်ဘေးသို့ လည်းကောင်း တွန်းပို့နေသောကြောင့် ကုလသမဂ္ဂက နောက်နှစ် အကူအညီအတွက် စံချိန်တင် ရန်ပုံငွေများကို မေတ္တာရပ်ခံခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင်ပြည်သူ ၃၃၉ သန်းသည် လာမည့်နှစ်တွင် အကူအညီ ပုံစံတစ်မျိုးမျိုး လိုအပ်လာလိမ့်မည်ဟု ကုလသမဂ္ဂ၏ နှစ်စဉ် Global Humanitarian Overview က ခန့်မှန်းထားရာ ထိုအရေအတွက်သည် လွန်ခဲ့သောနှစ်ကထက် လူသန်း ၆၀ ပိုများလာသည်ဟု ဆိုသည်။

တင်းကျပ်သည့် COVID-19 ရောဂါထိန်းချုပ်ရေး စည်းမျဉ်းများအပေါ် ဆန္ဒပြမှုများဖြစ်ပွား ပြီးနောက် တရုတ် အာဏာပိုင် များက ကိုဗစ်ကင်းစင်ရေးမူဝါဒကို ဖြေလျှော့မည့်လက္ခဏာ ပြသလာ

လော့ဒေါင်းချမှုများ အဆုံးသတ်ရေးနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များ ပိုမိုရရှိရေးအတွက် တောင်းဆိုဆန္ဒပြမှုများ တရုတ်နိုင်ငံ တစ်ဝန်းဖြစ်ပွားခဲ့ပြီးနောက် တရုတ်အာဏာပိုင်များက အလွန်တင်းကျပ်သည့် ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းများကို ဖြေလျှော့ဖွယ်ရှိသည့် လက္ခဏာကို ပြသလာခဲ့သည်ဟု သိရသည်။ တရုတ်တွင် သက်ရောက်မှု ကြီးမားသော လော့ဒေါင်းချမှုများ ပြုလုပ်ခြင်း၊ မကြာခဏ ဆေးစစ်ခြင်းနှင့် ရောဂါကူးစက်ခံရခြင်း မရှိသူများကိုပင် ကွာရန်တင်းဝင်စေသည့် ကိုဗစ်ကင်းစင်ရေး မူဝါဒအပေါ် မကျေနပ်ချက်များကြောင့် ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုး အပါအဝင် တရုတ်မြို့ကြီးများ၌ ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

အင်ဒိုနီးရှားတွင် ပိုလီယိုရောဂါ ကူးစက်မှု တွေ့ရှိခဲ့ပြီးနောက် ကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်ကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နေ

ပိုလီယိုရောဂါ ဆယ်နှစ်နီးပါးကြာ ကင်းစင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ကလေး လေးဦး၌ ပိုလီယိုရောဂါတွေ့ရှိ ခဲ့ပြီးနောက် ကာကွယ်ဆေးတိုက်ကျွေးမှုအစီအစဉ်ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေပြီး ဆူမားတြား ကျွန်းရှိ ဆစ်ဂလီမြို့တော်ခန်းမတွင် နိုဝင်ဘာ ၂၈ ရက်က ကျောင်းဝတ်စုံများဖြင့် ကလေး များနှင့် ကလေးငယ်များသည် ၎င်းတို့၏မိဘ များနှင့်အတူ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ဆစ်ဂလီအနီးရှိ အက်ရှ်ပြည်နယ်တွင် တစ်စိတ်တစ်ပိုင်း အကြောသေသွားသည့် အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးတွင် အောက်တိုဘာလက ပိုလီယိုဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် နောက်ထပ်ကလေး သုံးဦးတွင် ယင်းဗိုင်းရပ်စ်ကို ဆက်လက်တွေ့ ရှိခဲ့ပြီးထိုအချိန် ကတည်းက ကာကွယ်ဆေး တိုက်ကျွေးမှုများကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သည်။

COVID-19 စည်းမျဉ်းများအပေါ် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဆန္ဒပြမှုများနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များ က စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်

COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်များအပေါ် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆန္ဒပြမှုများ ဖြစ်ပွားမှုအတွင်း ပါဝင်ခဲ့သူအချို့ကို တရုတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေကြောင်း ပေကျင်းမြို့ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူသုံးဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ပေကျင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်၌ သူ့ကိုယ်သူ ရဲအရာရှိဟုဆိုသောလူတစ်ဦးက ဆန္ဒပြတစ်ဦးအား နိုဝင်ဘာ ၂၇ ရက်ညပိုင်းက ၎င်း၏လှုပ်ရှားမှုများအကြောင်း မှတ်တမ်းရေးသား၍ ရဲစခန်းသို့လာရောက်ပေးပို့ရန် ပြောကြားခဲ့သည်ဟု သိရသည်။

အီတလီနိုင်ငံတောင်ပိုင်းရှိ အစ်ရှီယာကျွန်းတွင် မြေပြိုမှုကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အဆိုပါကျွန်း တွင် အရေးပေါ်အခြေအနေ ကြေညာထားရ

အီတလီနိုင်ငံတောင်ပိုင်းရှိ အစ်ရှီယာကျွန်းတွင် မြေပြိုမှုဖြစ်ပွားပြီးနောက် လူခုနစ်ဦးထက်မနည်း သေဆုံးကာ လူအချို့ ပျောက်ဆုံးနေပြီး နိုဝင်ဘာ ၂၇ ရက်က အဆိုပါကျွန်းတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက မြို့ငယ်လေးတစ်မြို့သည့် Casamicciola တွင် ရွှံ့ညွှန်များနှင့် အပျက်အစီးဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ကားများသည်လည်း ပင်လယ်ရှိရာသို့ မျောပါသွားခဲ့သည်ဟု ဒေသတွင်းမီဒီယာနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ဘရက်ဇစ်ကြောင့် ဗြိတိန်တွင် ဆရာဝန်လိုအပ်ချက်များ မြင့်တက်နေပြီး ဥရောပသမဂ္ဂတွင်လည်း ကျွမ်းကျင် နယ်ပယ် လေးခု၌ ဆရာဝန်တိုးလာမှု တန့်နေဟု လေ့လာချက်တစ်ခုတွင် ဖော်ပြ

ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံများမှ အဓိကအထူးပြုနယ်ပယ်များတွင် ခန့်မှန်းခြေဆရာဝန်လိုအပ်မှု ၄၀၀၀ ရှိနေခြင်း နှင့်တူ ဘရစ်ဇစ်က ဗြိတိန်တွင် ဆရာဝန်လိုအပ်ချက်ကို ပိုမိုဆိုးရွားစေခဲ့သည်ဟု နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန် ခဲ့သော လေ့လာချက်တစ်ခု၌ ဖော်ပြထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကြောင့် ဆေးရုံအချို့တွင် တက်ရောက်ကုသရန် စံတင်စောင့်ဆိုင်းစာရင်းများပြားနေခြင်းနှင့် ဆရာဝန်များနှင့်သူနာပြုများ ပြတ်လပ်နေခြင်း တို့နှင့်တူ နှစ်ပေါင်းများစွာ ဘဏ္ဍာရေးထောက်ပံ့မှု လျော့နည်းနေခဲ့ပြီးနောက် အစိုးရအထောက်ပံ့ခံကျန်းမာရေး ဌာနဖြစ်သည့် အကျပ်အတည်းဖြစ်ပေါ်နေသော ကျန်းမာရေးဝန်ကြီးဌာန ရုန်းကန်နေရချိန်တွင် ယခုလေ့လာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အန္တရာယ်များပတ်လည်ဝိုင်းနေသည့် ယူကရိန်း၏ ခါဆန်ဆိပ်ကမ်းမြို့

မကြာသေးမီက ရုရှားတို့ထိန်းချုပ်မှု အောက်မှ လွတ်မြောက်ခဲ့သည့် ခါဆန်မြို့ တွင်နေထိုင်သည့် ယူကရိန်း အမျိုးသားတစ် ဦးဖြစ်သူ အန်ဒရီ ကရီဗော့သည် လူသားတစ် ဦးသေဆုံးပြီးနောက် ကြုံတွေ့ရဖွယ်ရှိသည့် နောက်ဘဝအကြောင်းကို တစိမ့်စိမ့်တွေးဆ နေပြီး သူနှင့်အတူ သားသမီးသုံးယောက် မွေးဖွားခဲ့သည့် သူနာပြု မိန်းကလေးနှင့် လက်ထပ်ပွဲတွင် ခင်ပွန်းဖြစ်သူ စောင့်ထိန်းရမည့် ကတိသစ္စာစကားများကို တီးတိုးရေရွတ်နေသည်။