ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၃ ခုနှစ်တွင် COVID-19ကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေမဟုတ်တော့ဟုကြေညာရန် ရှိနေ
COVID-19 သည် ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်လာတော့မည်မဟုတ်ဟု မိမိတို့မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဒီဇင်ဘာ ၁၄ ရက်တွင်ပြောကြားလိုက်ပြီး ကပ်ရောဂါ အစပြုပုံကို အတိအကျ ဖော်ထုတ်နိုင်သည့် သတင်းအချက်အလက်များကို မျှဝေရန် တရုတ် နိုင်ငံကို တိုက်တွန်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားသည့် တတိယမြောက် နှစ်ပတ်လည် နီးကပ်လာချိန်တွင် WHO က ဗိုင်းရပ်စ်သည် ဤနေရာတွင်ရှိနေမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်မှာ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့်အတူ စီမံခန့် ခွဲမှု လိုအပ်မည်ဟုဆိုသည်။
မြောက်ကိုရီးယားကို စောင့်ကြည့်ရန်အတွက် တောင်ကိုရီးယား၌ အမေရိကန်စစ်တပ်က အာကာသတပ်ဖွဲ့ ဖွဲ့စည်းထားရှိ
မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ခြေရာခံထောက်လှမ်းရာတွင် ပိုမိုအထောက်အကူဖြစ်စေရန်အတွက် ဒီဇင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယား၌ အမေရိကန် ပြည်ထောင်စုက အာကာသတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားရှိခဲ့သည်။ မြောက်ကိုရီးယားသည် ယခုနှစ်ထဲတွင် လက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ တိုးမြှင့်လုပ်ဆောင်လျက်ရှိကာ အမေရိကန် ပြည်မအထိ ရောက်နိုင်ဖွယ်ရှိသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုနှင့် ဂျပန်ကိုဖြတ်ကျော်၍ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှုတို့ကိုလည်း ပြုလုပ်ခဲ့သည်။
ပီရူးတရားရုံးတစ်ရုံးက သမ္မတဟောင်းကိုပြန်လွှတ်ပေးရန် အယူခံဝင်မှုကို ပယ်ချခဲ့
ပုန်ကန်မှုနှင့် လျှို့ဝှက်ပူးပေါင်းကြံစည် မှုစွဲချက်များဖြင့် တရားရင်ဆိုင်နေရသောပီ ရူးသမ္မတဟောင်း ပက်ဒရိုကက်စတီလိုကို ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြမှုများသည် အထိန်းအကွပ်မဲ့သည့် အခြေအနေ သို့ ရောက်ရှိနိုင်ဟု တာဝန်ရှိသူများက သတိပေးထားချိန်တွင် ပီရူးတရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၃ရက်၌ ကက်စတီလိုကို ပြန်လွှတ်ပေးရန်အယူခံဝင်မှုကို ပယ်ချခဲ့သည်။ အစိုးရရှေ့နေများက ကက်စတီလိုကို တရားခွင်အကြိုထိန်းသိမ်းမှုအဖြစ် ၁၈ လကြာ ထိန်းသိမ်းထားရန် ဒီဇင်ဘာ ၁၃ရက် နှောင်းပိုင်းတွင် အဆိုတင်သွင်းခဲ့ပြီး ယင်းသည်၎င်းအား စုံစမ်းစစ်ဆေးမှု တရားဝင်စတင်ခြင်းဖြစ်သည်ဟု တရားရေး ဆိုင်ရာ သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်၏ ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရန် ဂျပန်က ကာကွယ်ရေးပြုပြင်ပြောင်းလဲမှုများကို ကြေညာဖွယ်ရှိ
ဟောင်ကောင်တွင် COVID-19ရောဂါထိန်းချုပ်ရေး စည်းမျဉ်းအချို့ကို ထပ်မံဖြေလျှော့လိုက်သော်လည်း စည်းမျဉ်းအများအပြားကို ဆက်လက်ထားရှိဆဲဖြစ်
ယူကရိန်းက ဓာတ်ငွေ့နှင့် လက်နက်များ လိုအပ်ဟု ဂျီ ၇ ကို ဇယ်လန်းစကီး ပြော
တင်းကျပ်သည့် ကိုဗစ်ကင်းစင်မူဝါဒကို စွန့်လွှတ်လိုက်သည့် တရုတ်အစိုးရက ခရီးသွားရာဇဝင်ကို ခြေရာခံသည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ထုတ်ပြန်
ကိုရိုနာဗိုင်းရပ်စ်ကင်းစင်မဟာဗျူဟာကို လျင်လျင်မြန်မြန်စွန့်ခွာနေစဉ် သမိုင်းမှတ်တိုင်ဖြစ်ခဲ့သည့် App တစ်ခုကို အသုံးပြုတော့မည်မဟုတ်ဟု ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်သည်။ အဆိုပါ App သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျက်ရှိသည့် ဒေသများကို ခရီးသွားရာတွင် ခြေရာခံသည့် အခါ အသုံးပြုသော App ဖြစ်ကြောင်း သိရသည်။ တရုတ်သည် ကိုဗစ်ကင်းစင်မူဝါဒကို ထိရောက်စွာ စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် အကြီးစားလော့ဒေါင်းချခြင်းများ၊ မဖြစ်မနေကွာရန်တင်းဝင် စေခြင်းများ၊ ဆေးစစ်မှုကန့်သတ်ချက်များ ဖြေလျှော့ခြင်းတို့ကို လွန်ခဲ့သောသီတင်းပတ်တွင် ကြေညာ ခဲ့သည်။
အီရန်တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အကျင့်စာရိတ္တ ထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်း
အီရန်တွင် မာဆာအာမီနီအမည်ရှိ မိန်းကလေးတစ်ဦးသည် နိုင်ငံအတွင်းပြဋ္ဌာန်းထားသည့် အမျိုးသမီးများ ၏ ဝတ်စားဆင် ယင်မှုစည်းကမ်းချက်ကို ချိုးဖောက်သည်ဟု ဖမ်းဆီးခံခဲ့ရပြီးနောက် ထိန်းသိမ်းခံထား ရချိန်တွင် သေဆုံးခဲ့သဖြင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှု များ နှစ်လကျော်ဖြစ်ပွားခဲ့ပြီးနောက် အီရန်အာဏာပိုင် များ က အကျင့်စာရိတ္တထိန်းသိမ်း ရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သည်ဟု အရာရှိ တစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် COVID-19 ကိုခံနိုင်ရည်ရှိဟု WHO ခန့်မှန်းထုတ်ပြန်