မြောက်ကိုရီးယားအနေဖြင့် နျူကလီး ယားလက်နက်များ အသုံးပြုမည်ဆိုပါက အ မေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ထိရောက်စွာ တုံ့ပြန်ရန် စီစဉ်ထားသည်ဟု အိမ်ဖြူတော်က ဇန်နဝါရီ ၃ ရက်တွင် သတိပေးခဲ့သည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အသုံးပြုမှုအပါအဝင် အနာဂတ် ဖြစ်နိုင်ခြေများကို ထိရောက်စွာ ပူးပေါင်းတုံ့ပြန်ရေး အစီအစဉ်ဆွဲရန် ၎င်းတို့၏ အဖွဲ့များကို တာဝန်ပေးခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ပြောရေးဆိုခွင့်ရှိသူက အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု အပေါ် မဟာမိတ်များ၏ တုံ့ပြန်မှု အပေါ် မီဒီယာ သတင်းထုတ်ပြန်မှုများ ပေါ်ပေါက်ခဲ့ပြီး မရေရာမှုများ ဖြစ်ပွားခဲ့ပြီး နောက် NSC က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်ခရီးသွားများကို COVID-19စစ်ဆေးခြင်းသည် သိပ္ပံနည်းကျလုပ်ဆောင်မှုဖြစ်သည်ဟု အမေရိကန်ပြောကြား
တရုတ်နိုင်ငံမှ ခရီးသွားများကို ကိုရိုနာ ဗိုင်းရပ်စ်စစ်ဆေးရန်လိုအပ်ချက်သည် သိပ္ပံပညာရပ်အပေါ် အခြေခံပြီး တရုတ်အစိုးရ၏ မြင့်တက်နေသော ကူးစက်မှုများအပေါ်ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု အမေရိကန်က ဇန်နဝါရီ ၃ ရက်တွင် ပြော ကြားခဲ့သည်။ အသက်နှစ်နှစ်နှင့်အထက် လေကြောင်းခရီးစဉ်မှ ခရီးသွားများအနေဖြင့် အမေရိကန်သို့ ဝင်ရောက်ရန်အတွက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိကြောင်း ပြသရန် လိုအပ်လိမ့်မည် မထုတ်ပြန်မီ နှစ်ရက်အလိုတွင် ၎င်းတို့၏ခရီး သွားများအပေါ် နိုင်ငံအများအပြားကချမှတ်ထားသော ကန့်သတ်ချက်အစီအမံများသည် လက်ခံနိုင်စရာမရှိဟု တရုတ်နိုင်ငံကဇန်နဝါရီ ၃ ရက်အစောပိုင်းတွင် ပြစ်တင်ရှုတ်ချခဲ့သည်။
တရုတ်ပြည်မကြီးမှ ဝင်ရောက်လာသည့် ခရီးသွားများကို ကိုဗစ်စစ်ဆေးရန်လိုအပ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား
တရုတ်အစိုးရက ပြည်ပမှ ဝင်ရောက်လာသူများအတွက် ကွာရန်တင်းဝင်ရမည့် စည်းကမ်းချက်များကို အဆုံးသတ် သွား မည်ဟု ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်မှစပြီး တရုတ်ပြည်မကြီးမှ ဝင်ရောက်လာသည့် ခရီးသွားများကို COVID-19 စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ပြောကြားခဲ့သည်။ ဂျပန်သည် မကြာသေးမီလများအတွင်းက ခရီးသွားများအတွက် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ ပေးခဲ့ပြီး ယခုလုပ်ဆောင်မှုအရ ကိုဗစ်ကူးစက်ခံရသည့် ရောဂါလက္ခဏာများပြနေသူများထက် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသွားများကိုသာ ဆိုက်ရောက်ကာလတွင် ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်မည့် သဘော ဖြစ်သည်။ တရုတ်တွင် ရောဂါကူးစက်မှုများ လျင်မြန်စွာ ပျံ့နှံ့နေသည်ဆိုသည့် သတင်းအချက်အလက်ကြောင့် ယခုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟု ကီရှီဒါက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
မဖြစ်မနေကွာရန်တင်းဝင်စေခြင်းကို ရုပ်သိမ်းမည်ဟု တရုတ်အစိုးရက ကြေညာခဲ့ပြီးနောက် ပျော်ရွှင်နေသည့် ပြည်သူများက ပြည်ပခရီးများသွားရန် ပြင်ဆင်မှုများရှိလာ
ပြည်ပဆိုက်ရောက်များအတွက် မဖြစ်မနေကွာရန်တင်းဝင်ရခြင်းကို ပယ်ဖျက်တော့မည်ဟု တရုတ်အစိုးရက ပြောကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင် တရုတ်ပြည်သူများက ဝမ်းသာမှုဖြင့် တု့ံပြန်ခဲ့ကြပြီး ပြည်ပခရီးများ သွားရန် အလျင်အမြန်လုပ်ဆောင်ခဲ့ကြသည်။ တရုတ်အစိုးရသည် သုံးနှစ်နီးပါးကြာ အသုံးပြုခဲ့သည့် ပြည်ပဆိုက် ရောက်များအတွက် ကွာရန်တင်းဝင်စေခြင်းကို မကြာမီရုပ်သိမ်းတော့မည်ဖြစ်သည်။ ဇန်နဝါရီ ၈ ရက်မှစတင်၍ ဆိုက်ရောက်ခရီးသည်များသည် တရုတ်နိုင်ငံကို ရောက်ရှိလာသည့်အခါ ကွာရန်တင်း ဝယ်ရန်လိုအပ်တော့မည် မဟုတ်ဟု ဒီဇင်ဘာ ၂၆ ရက်နှောင်းပိုင်းတွင် တရုတ်အစိုးရက ရုတ်တရက်ကြေညာခဲ့သည်။ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် အဓိကအစီအမံများကို ရုပ်သိမ်းလိုက်ပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များ မြင့်တက်လာခဲ့သည်။ ကူးစက်မှုသည် ခြေရာခံရန်မဖြစ်နိုင်ဟု အာဏာပိုင်များက ဝန်ခံခဲ့ပြီး ကူးစက်မှုဖြစ်စဉ်များကို စာရင်းကောက်တော့မည်မဟုတ်ဟု ဆိုသည်။
အနောက်သည် ရုရှားနိုင်ငံကို ဖြိုခွဲရန် ကြိုးစားနေသည်ဟု သမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြား ယူကရိန်းစစ်ဆင်ရေးမှာ ရုရှားပြည်သူများ စည်းလုံးညီညွတ်စေရန် ရည်ရွယ်သည်ဟု အကြောင်းပြ
ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရန် စည်းမျဉ်းများ ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့များ ဖြစ်သည့် ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင် မြို့ခံများ လုပ်ငန်းခွင်ပြန်ဝင်နေပြီဖြစ်
တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့နှစ်မြို့ဖြစ်သည့် ပေကျင်းနှင့် ရှန်ဟိုင်းတို့သည် COVID-19 ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေးဆီသို့ ဦးတည်လာခြင်းနှင့်အတူ ဒီဇင်ဘာ ၂၆ ရက်က မြေအောက်ရထားများပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ခရီးဝေးအလုပ်ဆင်းသူများနှင့် ပြည့်နှက်နေခဲ့သည်။ တရုတ်နိုင်ငံ တစ်ဝန်းတွင် လူသန်းနှင့်ချီကာ ဗိုင်းရပ်စ်ကူးစက်မှုခံထားရသည်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် တင်းကျပ်သော အစီအမံများကို သုံးနှစ်ကြာ ကျင့်သုံးခဲ့ပြီးနောက် ဆန္ဒပြမှုများ၊ ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်လာမှုများနှင့် ရင်ဆိုင်နေရစဉ်တွင် သမ္မတရှီကျင်းပင်သည် ကိုဗစ်ကင်းစင်ရေးမူဝါဒကို စွန့်ခွာ ခဲ့သည်။
နိုင်ငံ ၁၉၀ ကျော်က သဘာဝတရားကို ကာကွယ်ရန် ကုလသမဂ္ဂဇီဝမျိုးစုံထိန်းသိမ်းစောင့်ရှောက်ရေး ထိပ်သီး၌ သမိုင်းဝင်သဘောတူညီချက်ရရှိ
နိုင်ငံများသည် ကမ္ဘာ၏မျိုးစိတ်များနှင့် ဂေဟစနစ်များကို ခြိမ်းခြောက်လျက်ရှိသည့် ဆယ်စုနှစ်များစွာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုကို ပြောင်းပြန်လှန်ပစ်ရေးအတွက် ဒီဇင်ဘာ ၁၉ ရက် စောစောပိုင်း က ကုလသမဂ္ဂ ဇီဝမျိုးစုံထိန်းသိမ်းစောင့်ရှောက်ရေးထိပ်သီး၌ သမိုင်းဝင်သော သဘောတူညီချက်တစ်ရပ် ကို သဘောတူခဲ့ကြသည်။ COPI 5 ထိပ်သီး၏သဘာပတိဖြစ်သော တရုတ်ပတ်ဝန်းကျင်ဝန်ကြီးဟွမ်ရမ် ကျုက မွန်ထရီရယ်မြို့၌ ပြုလုပ်သော ထိပ်သီး၌ ညနက်ချိန်အစည်းအဝေးတွင် အတည်ပြုခဲ့သော သဘော တူညီချက်ကိုကြေညာလိုက်ရာ တက်ရောက်လာသော ကိုယ်စားလှယ်များထံမှ ကျယ်လောင်သော သြဘာသံများ ထွက်လာခဲ့သည်။
ထိုင်းရေတပ်၏ စစ်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် မရိန်းတပ်ဖွဲ့ဝင် ၃၁ ဦးကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေ
ပီရူးနိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်သည့် အဓိကနေ့စွဲများ
ပီရူးနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က လက်ဝဲယိမ်းသမ္မတ ပက်ဒရို ကက်စတီလိုသည် လွှတ်တော်ကို ဖျက်သိမ်းပြီး ဥပဒေတစ်ရပ်ထုတ်ပြန်ကာ အုပ်ချုပ်ရန်ကြိုးပမ်းခဲ့ပြီးနောက် လွှတ်တော်က ၎င်းအား ရာထူးမှ ဖြုတ်ချခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးကတည်းက နိုင်ငံအတွင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ လက်ရှိဖြစ်ပွားနေသည့် ပီရူး၏ နိုင်ငံရေးအကျပ်အတည်းကို ဖြစ်စေခဲ့သည့် အကြောင်းအရာများနှင့် အဓိက နေ့စွဲများကို အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။
■ ဒီဇင်ဘာ ၇ ရက်၊ လွှတ်တော်ကို ဖျက်သိမ်းရန် ကြိုးပမ်းမှု
ထိုင်းဘုရင်နှင့် မိဖုရား COVID-19 ကူးစက်ခံရ