
အောက်တိုဘာ ၂၅
လက်ဘနွန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး မောရိုက်ဆလင်သည် ဂါဇာကမ်းမြောင်ဒေသတွင် လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဟားမတ်စ်ပဋိပက္ခနှင့်စပ် လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် ဘေရွတ်မြို့၌ အလည် အပတ်ခရီးရောက်ရှိနေသော အီတလီကာကွယ်ရေးဝန်ကြီး ဗွီဒိုခရော့ဆက်တိုနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ်အတွင်း အီတလီကာကွယ်ရေးဝန်ကြီး ခရော့ဆက်တိုက အစ္စရေး-ဟားမတ်စ်ပဋိပက္ခအတွင်း ပြည်ပအဖွဲ့အစည်းများကို အကာအကွယ်ပေးရေး၏ အရေးပါမှုအကြောင်းကို အလေးထားပြောကြားခဲ့သည်။





