တောင်ကိုရီးယားသည် ဂျပန်စစ်အတွင်း အတင်းအဓမ္မ ခိုင်းစေခံရသူများအား လျော်ကြေးငွေပေးမည့် အစီအစဉ်ကို မတ်လ ၆ ရက် တနင်္လာနေ့တွင် ကြေညာခဲ့သည်။
ကိုရီးယားနိုင်ငံအား ဂျပန်တို့ ၃၅ နှစ်ကြာ အုပ်ချုပ်ခဲ့စဉ်အတွင်း ကိုရီးယားလူမျိုး ၇ သိန်း ၈ သောင်းခန့်သည် ဂျပန်ကုမ္ပဏီများ၏ အတင်းအဓမ္မ ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း ဆိုးလ်မြို့မှ အချက်အလက်များက ဖော်ပြထားသည်။