
နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေဘဲ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အခုတော့ ကမ္ဘာ့ အကြီးဆုံး UAE ရဲ့ Al Dhafra Solar Farm ဟာ စတင် လည်ပတ်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေဘဲ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အခုတော့ ကမ္ဘာ့ အကြီးဆုံး UAE ရဲ့ Al Dhafra Solar Farm ဟာ စတင် လည်ပတ်ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၉
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်ရှိ Silkyara ဥမင်လှိုင်ခေါင်းအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့သည့် ဆောက်လုပ်ရေး လုပ် သားများကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။

နိုဝင်ဘာ ၂၉
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က ယခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းသို့ သွားရောက်ရန် စီစဉ်ထားပြီး ဂါဇာကမ်းမြောင်ဒေသရှိ အရှေ့အလယ်ပိုင်းမှ တာ ဝန်ရှိသူများနှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း ယနေ့အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခများ အောက်တိုဘာ ၇ ရက်က စတင်ခဲ့ပြီးနောက် ဘလင်ကန်၏ တတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်သည်။

နိုဝင်ဘာ ၂၈
အီရန်တပ်မတော်က ဂါကမ်းမြောင်ဒေသရှိ ပြည်သူများအား ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း အီရန်တပ်မ တော် ထိပ်တန်းတပ်မှူးတစ်ဦးက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု တရားဝင်သတင်း အေဂျင်စီ IRNA ၏ သတင်း တစ်ရပ်အရ သိရသည်။

နိုဝင်ဘာ ၂၂
ဂါဇာမြောက်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များပိတ်ဆို့ထားသည့် အင်ဒိုနီးရှားဆေးရုံအတွင်း၌ လူရာပေါင်းများစွာရှိနေကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးတပ်ဖွဲ့များက စစ်ဆင်ရေးများ ထပ်မံဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဟားမတ်စ်စစ်သွေးကြွများအပါအဝင် စစ်သွေးကြွ ၃၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ၎င်းတို့အား စစ်ဆေးရန်အတွက် အစ္စရေးနိုင်ငံသို့ခေါ်ဆောင်မည်ဖြစ် ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။

နိုဝင်ဘာ ၂၁
အစ္စေရးတပ်ဖွျဲ့မား၏ဂါဇာကမ်းမြောင်ဒေသ ရွိ ဆေးရျုံမားကို တိုက်ခိုက်မှုသည် နိုင်ငံတကာ ဥပဒေကို ခြိုးဖောက်ခြင်းဖြစ်ပြီး လူ့အခွင့်အေရးခြိုးဖောက်မှုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေး ဆိုခွင့်ရွိသူ နေဆာကနာနီက ပြောကြားသည်။

နိုဝင်ဘာ ၂၀
ဂါဇာကမ်းမြောင်တွင် ထိန်းသိမ်းထားသော အစ္စရေးဓားစာခံများကို လွှတ်ပေးရန် လက်ရှိအချိန်အထိ သဘောတူညီမှု မရရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံ ၂၄၀ ခန့်ကို ပြန်လွှတ်ပေးရေး သဘောတူညီချက်နှင့် ပတ် သက်၍ မှားယွင်းသောသတင်းများကို ဝန်ကြီးချုပ် နေတန်ယာဟုက ငြင်းဆိုခဲ့ပြီး ယင်း သို့ သဘောတူညီမှု ရရှိခဲ့ပါက အစ္စရေးပြည်သူများအား ချက်ချင်းအသိ ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

နိုဝင်ဘာ ၁၇
အစ္စရေးတပ်မတော်နှင့် ဟားမတ်စ်အဖွဲ့တို့ကြား ဖြစ်ပွားလျက်ရှိသည့် စစ်ဆင်နွှဲမှုများတွင် သတင်း ထောက်များနှင့် မီဒီယာလုပ်သား ၄၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း နယူးယောက်အခြေစိုက် သတင်း ထောက်များ ကာကွယ်စောင့် ရှောက်ရေးကော်မတီက ယနေ့ပြောသည်။