NATO တပ်ဖွဲက ရုရုားအပေါ် နျူးကလီယားတိုက်ခိုက်မှုများ လုပ်ဆောင်ရန်ပြင်ဆင်နေဟုဆို

NATO တပ်ဖွဲ့ဝင်နိုင်ငံများသည် ရုရှာနိုင်ငံအပေါ် နျူးကလီယားတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက အသိပေးထားသည်။
ရုရှားထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူး ဗလာဒီမာကူလီရှော့ က ၎င်းတို့တပ်ဖွဲ့အနေဖြင့်ရင်ဆိုင်ရန် ပြင်ဆင်မှုများလုပ်နေသည့် ခြိမ်းခြောက်မှုများနှင့်ပ တ်သက်၍ ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
အမှိုက်သရိုက် အညစ်အကြေးတွေပါဝင်တဲ့ မိုးပျံပူဖောင်းတွေ မြောက်ကိုရီးယားဘက်ကနေ ကျလာတာကြောင့် တောင်ကိုရီးယားအစိုးရ သတိပေးချက် ထုတ်
ဘုရင်စနစ် စေ-ာ်ကာ-းမှုဖြင့် ထိုင်း အတိုက်အခံအမတ် ထောင်၂ နှစ် ချမှတ်ခံရ
ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောများအားတိုက်ခိုက်နိုင်ခဲ့ဟု ဟူသီအဖွဲ့ပြော

(နိုင်ငံတကာ) မေ ၂၆
ပင်လယ်နီ အာရေဗျပင်လယ်နှင့် မြေထဲပင်လယ်တို့အပါအဝင် ဒေသတွင်းရှိ ရေကြောင်းသွားလာရေး လမ်းကြောင်းအတွင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုများတွင် ဟူသီသူပုန်များအား အာရေဗျ ပင်လယ်ကို ကူးဖြတ်နေသည့် အစ္စရေး အလံလွှင့်ထူထားသောကုန်တင်သင်္ဘောတစ်စင်းအား ပဲ့ထိန်းဒုံးကျည်များဖြင့် ဦးစွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
၂ နာရီကျော်ကြာ ခြေလျင်ခရီးကို ဂျက်ဝတ်စုံကြောင့် ၂ မိနစ်ဖြင့်ရောက်ရှိ
အမေရိကန်၏ စတုတ္ထအကြီးဆုံးဘဏ်က စီးပွား ရေးပြိုလဲပျက်စီးမှုကို သတိပေး

မေ ၂၄
BRICS စီးပွားရေးမဟာမိတ်မှ ဖြစ်ပေါ်လာသော ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများကြားတွင် အမေရိကန်၏ စတုတ္ထအကြီးဆုံးဘဏ်က မကြာမီ စီးပွားရေးပြိုလဲပျက်စီးတော့မည်ဖြစ်ကြောင်း သတိ ပေးခဲ့သည်။ အထူးသဖြင့်၊ Citigroup ၏အမေရိကန်စီးပွားရေးပညာရှင်အကြီးအကဲ Andrew Hollenhorst သည် အမေရိကန်ပြည်ထောင်စုအတွက် စီးပွားရေးမတည်ငြိမ်မှုများနှင့်ပတ်သက်၍ ၎င်း၏စိုးရိမ်ပူပန်မှုများကို CNBC နှင့် စကားပြောဆိုထားသည်။
ဗီယက်နမ် က လုံခြုံရေးဝန်ကြီးကို သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်
ရုရှားနိုင်ငံ က နည်းဗျူဟာမြောက် နျူလက်နက်များပါဝင်မည့် စစ်ရေးလေ့ကျင့်မှုကို သင့်တော်သည့်အချိန် တွင် ပြုလုပ်မည်ဟု ပြောကြား

(နိုင်ငံတကာ) မေ ၂၃
နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ပါဝင်မည့် စစ်ရေးလေ့ကျင့်မှုကို သင့်လျော်သည့်အချိန်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က မေလ၂၀ ရက်က အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။
အီရန်က သမ္မတရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်မည်

မေ ၂၂
အီရန်နိုင်ငံက ၁၄ ကြိမ်မြောက် သမ္မတရွေးကောက် ပွဲကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်ရန် အီရန်အစိုးရက ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ခေတ္တသမ္မတ၊ တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားရေး ဆိုင်ရာဒုတိယဥက္ကဋ္ဌ၊ အီရန်ဖွဲ့စည်းပုံဆိုင် ရာ ကောင်စီနှင့် ပြည် ထဲရေးဝန်ကြီးဌာနတို့မှ ကိုယ်စား လှယ်များတက်ရောက်သည့် အစည်းအဝေး၌ သမ္မတရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို အတည်ပြုဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
