
အယ်လ်ဘာတာ မေ ၅
ကနေဒါအနောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံပေါင်း ၁၆ဝဝ ခန့်ပျက်စီးဆုံးရှုံးခဲ့ရသည်။ မြို့တွင်း၌ အတော်များများပျက်စီးခဲ့ပြီး လူပေါင်း ၈၈ဝဝဝ မှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ပြောသည်။
အနီးအနားဝန်းကျင်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပြီး အပျက်အစီးများအနည်းငယ်ရှိခဲ့သည်။ ကနေဒါ၏ ရေနံလုပ်ကွက်များ ရှိရာ နယ်မြေ အယ်လ်ဘာတာမြို့တော်အရှေ့မြောက်ဘက်၌ အိမ်အများအပြားမီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း အခြေအနေဆိုးရွားကြောင်း သိရသည်။









