
မေလ ၁၀ ရက်က ရွေးကောက်ပွဲရလဒ်များအရ ဖိလစ်ပိုင် နိုင်ငံသား ကမ္ဘာ့လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုသည် နိုင်ငံ၏ အထက်လွှတ်တော် အမတ်တစ်နေရာ အနိုင်ရရှိရန် သေချာသလောက်နီးပါး ဖြစ်ခဲ့ပြီဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် ရှေ့လာမည့်ကာလတွင် ဖိလစ်ပိုင် သမ္မတ ရာထူးတာဝန် ရယူနိုင်ရန် မက်ခဲ့သော ၎င်း၏ အိပ်မက်သည်လည်း ပိုမို နီးစပ်လာခဲ့ပြီဟု သိရသည်။



