
ရုရှားအစိုးရသည် မိမိတို့၏ သံအရာရှိများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက် သည်။ ရုရှားတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် သံအရာရှိများအပေါ် ရုရှားအာဏာပိုင်များက ခြိမ်းခြောက်မှု၊ ရန်လိုမှုများ ပိုမိုမြင့်တက်လာကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။









